Tayar Damma Boke Da Win Classic Song Myanmar News Section
Download Fonts
 Home
 BurmeseClassic Bookshelf
 Sports Section
 Monastery Directory
 Myanmar Photo Gallery
 Links
 Myanmar Calendar
 Contact Us
Daily Movie
Myanmar Monastery Directory
Dhamma Questions and Answers
Tayar Taw
Special Film
Music VCD
Music VCD
Burmeseclassic Bookshelf
Myanmar Horoscope
Myanmar Horoscope
 
Bay Dim Questions and Answers
 
 
 
ဗေဒင် အမေးအဖြေ
1 | 2 | 3 | 4  
   Question 15  

ဆရာရှင့် သမီးနာမည်က xxx ဖြစ်ပါသည်၊ သမီးရဲ့ ခုနှစ်က ၁၉၈၈ ခုနှစ် ၁၁ လ။ ၁၉ရက်နေ့ ဖြစ် ပါတယ်၊ သမီးရဲ့ ပညာရေးကိုသိချင်ပါတယ်၊ ပြီးတော့သမီးစီးပွားရေးလုပ်မယ်ဆိုလည်းဘာစီးပွားရေးကိုလုပ်ရင် ကောင်းမလဲသိချင်ပါတယ်၊ နိုင်ငံခြားကိုသွားရကိန်းရောရှိပါသလား၊ Australia ကိုသွားမယ်လို့စိတ်ကူးထားပါတယ်၊ အဆင်ပြေနိုင်ပါမလား၊ သမီးရဲ့အိမ်ထောင်ဘက်ကရောဘာနေ့သား ဖြစ်နိုင်ပါမလဲ သိချင်ပါတယ်ရှင့်၊ ကျေးဇူးပြုပြီးဖြေကြားပေးပါ၊ ကျေးဇူးပြုပြီးတတ်နိုင်မယ်ဆိုရင်ဒီ Email ကိုပို့ ပေးစေချင်ပါတယ်၊ သမီး နေတဲ့နေရာက အင်တာနတ်သုံးရန် မလွယ်တယ်အတွက်ဖတ်ရှု့ နိုင်မည်မဟုတ်ပါ၊ Email နဲ့ဆိုသမီးသုံးတဲ့အချိန်ဖတ်ကြည့်လို့ရမှာပါ၊ ကျေးဇူး တင်ပါတယ်ဆရာ၊

   Answer -  

စက်မှုလုပ်ငန်းနှင့် ပတ်သတ်ပြီး အကျိုးပေးမည်။ ကိုယ်ပိုင် စီးပွားရေးလုပ်ပါ အောင်မြင်မည်။ ဒီနှစ်အတွင်း ခရီးမသွားသင့်ပါ။

   Question 14  

ဆရာရှင့်--- ကျွန်မရဲ့နာမည်က xxx ပါ။ သောကြာသမီးဖြစ်ပါတယ်။ မွေးတာက နိုဝင်ဘာ (၂) ရက် ၊ ၁၉၈၄ ခုနှစ်မှာမွေးပါတယ်။ အဓိပတိဖွားဖြစ်ပါတယ်။ ကျွန်မသိချင်တာက ကျွန်မရဲ့ ချစ်သူ တနင်္လာသား နဲ့အခုတလော စကားပြောရတာအဆင်မပြေဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေ လွဲနေပါတယ်။ ကျွန်မရှိတဲ့ နေရာကို လာမယ်ဆိုတာကိုလည်း နားလည်မှုတွေလွဲနေလို့ လာဖို့မလာဖို့ ကျွန်မမသိဘူးဖြစ်နေပါတယ်။ အဲဒါ အဆင်ပြေစေမယ့် ယတြာလေးဖြစ်ဖြစ် ဆရာ့ဆီက တောင်းချင်ပါတယ်။ မှတ်ချက်။ ။ သူက ဖေဖော်ဝါရီလ (၁၅) ရက် ၊ ၁၉၈၂ ခုနှစ်မှာဖွားပြီး ကျွန်မတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာ ဖြစ်ပါတယ်။

   Answer -  

အနာအစာ ကင်းသော စွယ်တော် တစ်ရွက်ကို ယူပြီး တစ်ဖက်တွက် ကိုယ့်အမည်ကိုရေး ပြီး အခြားတစ်ဖက်တွက် မိမိချစ်သူ နာမည်ကို ရေးပါ။ ကြွေပန်းကန်ပြား ပေါ်တွင် စွယ်တော် ၇ွက်ကိုတင်ပြီး ဖယောင်းတိုင်ထွန်းပြီး လိုရာ ဆုတောင်းပါ။

   Question 13  

ဆရာ..... မွေးသက္ကရာဇ်က ဇန်န၀ါရီ ၁၂ရက် ၁၉၇၃ ပါ။ သိချင်တာက ဒီနှစ် ၂၀၀၈ ခုနှစ်ထဲမှာ နိုင်ငံခြားသွားရကိန်းရှိမရှိ၊ လက်ရှိလုပ်ငန်းပြောင်းရွှေ့ရကိန်းရှိမရှိ၊ အိမ်ထောင်ကျကိန်းရှိမရှိ သိချင်ပါတယ်......ကျေးဇူးပြု၍ဖြေကြားပေးပါ..ဆရာ..

   Answer -  

နိုင်ငံခြားသွားရကိန်းရှိသည်။ အိမ်ထောင်ဖက် အဖြစ် စနေ တနင်္ဂနွေ ဗုဒ္ဓဟူးရွေးသင့်သည်။

   Question 12  

ဆရာထွန်း တစ်ခုလောက်မေးပါရစေ။ အမည် .... မွေးနေ့၊မွေးရက် ၁၆-၀၁-၁၉၆၈၊အင်္ဂါ။ အကြောင်းအရာ စင်္ကာပူမှာ အလုပ်ရှာနေပါတယ်၊ အဆင်ပြေမပြေသိချင်ပါတယ်ခင်ဗျား။

   Answer -  

စင်ကာပူမှာ အလုပ်ရဖို့ လမ်းရှိတယ် ကြိုးစားပါ။ အိမ်ထောင်ကျကိန်း- မိတ်ဆွေကောင်းရပြီး-နေရာကောင်းရောက်ကိန်းရှိတယ်။

   Question 11  

ဆရာ... ကျမက သောကြာသမီးဖြစ်ပါတယ်။ ခုနှစ်သကရာဇ်က ၁၉၈၂။ မေလ ၁၆ ရက်နေ့ ဖြစ်ပါတယ်။ ကျမသိချင်တာက ကျမ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ သားသမီးဘယ်အချိန်လောက်ရနိုင်ပါသလဲ ကျေးဇူးပြှု ဖြေပေးစေချင်ပါတယ်။ စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဘယ်လိုစီးပွားရေးနဲ့  အဆင်ပြေနိုင်မလဲ ဖြေပေးစေလိုပါတယ်။

   Answer -  

ဇာတာအရ အင်္ဂါနာမ် အကျိုးမပေးပါ။ အင်္ဂါသားကို ရှောင် ပြီး စီးပွားလုပ်ပါ။ ကြာသာပတေးသား၊ စနေသား၊ ပေါင်းပြီးစီးပွားလုပ်ပါ။ အကျိုးပေးမည်။ သားသမီးရရန် မွေးနေ့မှာ အုန်းသီးစိမ်း တစ်လုံးကို ဖေါက်ပြီး ဆန်အပြည့်ထည့်ပြီး မနက် ၉နာရီ ၄၅ မိနစ်တွင် ညောင်ပင်အောက် ၌ ညောင်ပင်စောင့်နတ်ကို လှူပြီး သားသမီးလိုရာ ဆုပန်ပါ။

   Question 10  

ဆရာ... ကျမက စနေသမီးဖြစ်ပါတယ်။ ခုနှစ်သကရာဇ်က ၁၉၈၈။ နိုဝင်ဘာလ။ ၁၉ ရက်နေ့ ဖြစ်ပါတယ်။ ကျမသိချင်တာက ၁၉၈၈ခုနှစ် ဖေဖော်ဝါရီလ ၁၂ မှာမွေးဖွားတဲ့ သောကြာသားနဲ့ မေတ္တာမျှခဲ့ဖူးပါတယ်။ သူနဲ့ပြန်ပြီးတော့ အဆင်ပြေနိုင်ပါလား ပြီးတော့ အိမ်ထောင်ဖက် အဖြစ်ရောရွေးချယ်နိုင်ပါသလားသိချင် ပါတယ်ရှင့်။

   Answer -  

အိမ်ထောင်ဘက်အဖြစ်ရွှေးသင့်သည်။ တစ်ယောက်တစ်မြို့နေရကိန်း ရှိသည်။

   Question 9  

ဆရာ... ကျမကတနင်္ဂနွေသမီးပါ။ ခုနှစ်သကရာဇ်က ၁၉၈၈၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ဖြစ်ပါတယ်။။ကျမသိချင်တာက ကျမရဲ့  ပညာရေးအခြေအနေကိုသိချင်ပါတယ်။ ပြီးတော့ ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မှာ မွေးဖွားတဲ့ တနင်္လာသားနဲ့  မေတ္တာမျှနေပါတယ်။။ အဲဒါ အိမ်ထောင်ဘက်အဖြစ်ရွေးချင်နိုင်ပါသလား သိချင်ပါတယ်ရှင့် ။။

   Answer -  

ပညာရေးအလွန်ကောင်း၏။ အထွတ်အထိပ်ရောက်မည်။ အကြီးအကဲ အရာရှိဖြစ်ကိန်းရှိသည်။ ဖေဖေါ်ဝါရီ ၂၁ရက် ၁၉၈၃ ဖွားတနင်္လာသားနှင့် အိမ်ထောင်ပြုဖြစ်က ကောင်းသည်။ ကံတူအကျိုးပေး စိတ်တူကိုယ်တူ ဖြစ်နိုင်မည်။ အသက် ၂၅ နှစ် နောက်ပိုင်း အိမ်ထောင်ပြုဖြစ်ပါက ကံပို ကောင်းမည်။

   Question 8  

ဆရာရှင့် ...ကျမက ကြာသာပတေးသမီးပါ။ ခုနှစ်သကရာဇ်က ၂၃၊ ၅၊ ၁၉၈၅ ဖြစ်ပါတယ်။ ကျမသိချင်တာက ကျမရဲ့ပညာရေးအခြေအနေ နှင့် နိုင်ငံခြားကံအခြေအနေ သိချင်ပါတယ်ရှင့်။ ပြီးတော့ ၁၁၊ ၃၊ ၈၅ ခုနှစ်မှာမွေးဖွားတဲ့ တနင်္လာသား နဲ့  အချစ်ရေးအခြေအနေသိချင်ပါတယ်ရှင့်။

   Answer -  

ဇာတာ အရ နိုင်ငံရပ် ခြား ခရီးသွား ရ ကိန်း ရှိသည်။ ငွေကုန်ကြေးကျများပြီး လူလိမ်ခံရ ကိန်းရှိသည်။ သွားချင်သည့်တိုင်းပြည် မသိ၍ ယတြာ မပေးနိုင်ပါ။ အချစ်ရေးညံ့သည်။ ၂၆နှစ် မှ ၂၈ နှစ် အတွင်း အိမ်ထောင်ပြုသင့်သည်။

   Question 7  

ဆရာ... ကျမ မွေးသက္ကရာဇ် က မေ ၁၀ ၁၉၇၈ ပါ။ ကျမ တနင်္ဂနွေ သားနဲ့ အိမ်ထောင်ပြုရင်အဆင်ပြေပါ့မလား ဆရာ ။ ကျမရဲ့  ဇာတာ ရှေ့ရေး ကိုသိချင်ပါတယ် ဆရာ ။ ကျေးဇူးပြုပြီးဖြေကြားပေးပါ ဆရာ ။

   Answer -  

ဇာတာ အရ တနင်္ဂနွေသား နှင့် အိမ်ထောင်ပြု လျှင်အဆင်မပြေပါ။ တနင်္လာ၊ စနေ၊ ကြာသပတေး သား နှင့် အိမ်ထောင်ပြု က ကံကောင်းပါမည်။ပညာရေး အကျိုးပေးမည်။သူတပါးအတွက်ကြောင့် ဂုဏ်သိက္ခာ ထိခိုက်မည်။သနပ်ခါးမြစ်ကို ဆင်ရုပ်လုပ်ပြီး ဆောင်ပါ။

   Question 6  

ဆရာ ကျွန်မ အခုစင်ကာပူမှာနေပါတယ်။ မွေးနေ့ကတော့ မြန်မာလို ၁၃၃၆ ဇွန် ၂၃ ပါ။ ကျွန်မ အခုလောလာဆယ် အလုပ်ရချင်ပါတယ်။ အလုပ်ရနိုင်မဲ့အခွင့်အလမ်းရှိလားသိချင်ပါတယ်။

   Answer -  

ဇာတာရှင်သည် အလွန်ကံ ကောင်းနေပါသည်။ ရည်မှန်းချက်အလုပ်ကိစ္စ အဆင်ပြေမည်။ ကြာသာပတေး ၊ စနေ သားသမီး အကူအညီ ယူပါ။ အားလုံး အဆင်ပြေ သွားမည်။

   Question 5  

Hi Sayartun,
ဆရာရှင့် သမီးနာမည်က ... ဖြစ်ပါတယ်။ သမီးမွေးသဣရာဇ်က ဇန်နဝါရီလ ၇ ရက် ၁၉၈၆ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ အမေရိကားမှာ ကျောင်းတတ်ဖို့ စီစဉ်ထားပါတယ်။ ဗီဇာ ရနိုင်မရနိုင် သိချင်ပါတယ်ရှင့်။ အင်္ဂါသားနှင့် အိမ်ထောင်ပြုလျှင် အိမ်ထောင်ရေး သာယာနိုင်ပါ့မလား။ သမီး နာမည်ပြောင်းချင်ပါတယ် သင့်တော်မည့် အမည် ရွေးချယ်ပေးစေလိုပါတယ်။ ကျေးဇူးအထူးတင်လျက်...

   Answer -  

ဇာတာရှင်သည် ကံနိမ့်နေတဲ့အတွက် VISA အတွက်အခက်အခဲအများကြီးကြုံမည်။ ငွေကြေးအကုန်အကျများပြီး ကြံကြာမည်။ အမှုအခင်းဖြစ်ကိန်းမြင်သည်။ ပညာရေး အကျိုးပေး ၍အထွတ်အထိပ်ရောက်မည်။ ဇာတာအရ အင်္ဂါသားသည် အပြင်ပန်းသာ ကောင်း၍မှီခိုအားထားလောက်သော အိမ်ထောင်ဘက် မဖြစ်နိုင်ပါ။ အိမ်ထောင်ဘက်အဖြစ် တနလာင်္၊ ကြာသာပတေး၊ စနေသားဖြစ်ပါက သင့်တော်ပါသည်။ အချစ်ဦးနဲ့လွဲတတ်သည်။ အမည်ပြောင်းလိုပါက ဇင်နီလာ ဟုပြောင်းကသင့်တော်ပါသည်။ မိတ်ဆွေ အများကို ရေလှူပါက ကံကောင်းလာပါလိမ့်မည်။

   Question 4  

ဆရာကျနော်ရိုသေစွာဖြင့်စာရေးပေးလိုက်ပါတယ် ဆရာကျနော်သိချင်တာလေးကိုမေးပါရစေနော် ကျနော်မွေးနှစ်သက့ရာဇ်က ၁၃၄၀ စနေသားပါ အခုကျနော်ကျောင်းတက် နေပါတယ်ကျနော်စားမေးပွဲအောင်လားမအောင်လားကျနော်သိချင်လို့ ပါ နောက်ပြီး တော့လည်း ပညာရေးရဲ့အနာဂတ်ဘယ်လိုရှိသလဲကျနော်သိချင်ပါတယ်ဆရာ၊ နောက်ပြီးတော့လဲကျနော်ချစ်တဲ့သူနဲ့ပေါင်းရပါ့မလားကျေးဇူးပြု ဖြေကြား ပေးပါနော် ဆရာ၊

   Answer -  

မွေးလ မွေးရက် အပြည့်အစုံမပါရှိပါသဖြင့် ဖြေကြားရန်မဖြစ်နိုင်ပါ။

   Question 3  

ကျမနာမည် xxx။ မွေးနေ့ ကတော့ ၂၂.၀၂.၁၉၈၈။ ကျမသိလိုတဲ့ အကြောင်းအရာကိုကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်။ အိမ်ကမိဘ သဘောတူထားတဲ့သူနဲ့ အိမ်ထောင်ကျကိန်းရှိမရှိ သိချင်ပါတယ်ရှင်။ သူ့ ကိုကျမ မကြိုက်ပါဘူး။ မိဘစကားကိုလည်းမလွန်ဆန်ချင်ပါဘူး။ ကျောင်းလည်းမပြီးသေးတော့ ကျောင်းပြီးအောင်အလျင်တက်ပါရစေဆိုပြီး အချိန်ဆွဲထားပါတယ်။ ကျမရဲ့ကံဇာတာကိုလည်း အနည်းငယ်ပဲဖြစ်ဖြစ်ဖြေကြားပေးစေချင်ပါတယ်။

   Answer -  

ပညာရေးနဲ့ပတ်သတ်ပြီးအနှောက်အယှက်ပေါ်မည်။ ခြေလက်အင်္ဂါ မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်သည်။ အသွားအလာပြောအဆို အထူးသတိပြုဆင်ခြင်ပါ။ ငွေလိမ် လူလိမ်ခံ ရတတ်သည်။ မိဘသဘောတူသူသည် ဗုဒ္ဓဟူးသားဖြစ်ပါက ချမ်းသာ ကျော်ဇောမည်။ တနင်္လာ အင်္ဂါ စနေသား ဖြစ်ပါက သင့်တော်ပါသည်။ အသက် ၂၃ နှစ် အရွယ်တွင် အိမ်ထောင်ပြုပါက ကံကောင်းမည်။ ကံကောင်းစေရန် ယတြာ က ခိုဌက်ငယ်လေးကို တစ်ညသိပ်ပြီး လိုရာဆုတောင်းပြီးလွှတ်လိုက်ပါ။ အပေါင်းအသင်းများအား မချစ်စုလို့ ခေါ်ခိုင်းပါ က ကံပိုမိုကောင်းမွန်မည်။

  Question 2  

ကျွန်တော်နာမည် xxx ပါဆ၇ာ။ မွေးသကရာဇ် ၁၉၈၃-၁၀-၂၃ ပါ။ ကျွန်တော်အခုဂျပန်မှာပါ။ ဗီဇာနဲ့ပတ်သက်ပြီးစိတ်ပူနေရလို့ပါ။ ဂျပန်မှာအဆင်ပြေမပြေသိချင်ပါတယ်.။ ကျွန်တော်နောက်တနိုင်ငံသွားရဦးမလား။ ချစ်တဲ့သူနဲ့နီးရမလား။ အိမ်ထောင် ဘယ်တော့ကျမလဲ သိချင်လို့ပါဆရာ။ကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်ဆရာ။

   Answer -  

VISA ၇ဖို့တော်တော်ခက်ခဲမယ်။ ချစ်သူအိမ်ထောင်ဖက် က ကြာသာပတေး၊ သောကြာ၊ စနေ၊ အင်္ဂါ ဆိုရင် ဆုံဆည်းဖို့ လမ်းရှိတယ်။

  Question 1  

Mingalar Par Sayar ,
ကျမအမည်က xxx ၊ မွေးသကရာဇ် ၁၀ . ၁ . ၁၉၈၀ ပါ ။
ကျမသိချင်တာက ကျမအခုစင်ကာပူမှာပါ ။ အလုပ်လျှောက်တာ အလုပ်ကတော့ရပြီ ၊ဒါပေမဲ့ spass လျှောက်ထားတာ တခုပြီးတခုပြသနာဖြစ်နေပါတယ် ။ စင်ကာပူမှာနေပြီးအလုပ်လုပ်ရမဲ့ဇာတာပါမပါသိချင်ပါတယ် ဆရာ .. ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်

   Answer -  

ဇာတာအရ တနင်္ဂနွေသားသမီး အကူအညီရယူပါ ။ မနာလိုမှုရန်လိုမှုများမည်။ ငွေကုန်များမယ်။ ကျန်းမာရေးသတိထားပါ။ ဓါရဏပရိတ် ၂၄ ပစ္စည်းများများရွတ်ပေးပါ ။ မေတ္တာပို့ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။

Copyright © Burmese Classic 2008 All right Reserved.
Go To Home Page Font Download