Tayar Damma Boke Da Win Classic Song Myanmar News Section
BurmeseClassic Facebook Network BurmeseClassic Twitter Network BurmeseClassic Site Map
 Home
 BurmeseClassic Bookshelf
 Sports Section
 Monastery Directory
 Myanmar Photo Gallery
 Links
 Myanmar Calendar
 Contact Us
Dhamma Thu Ta
Myanmar Monastery Directory
Dhamma Questions and Answers
Music VCD
Special Movie
Special Movie
Special Movie
Music VCD
Special Movie
Special Movie
Burmeseclassic Bookshelf
Myanmar Horoscope
 
Tayar Audio Questions and Answers
 
 
 
Monday ၂၀၊မေ၊၂၀၀၈ မှ ၂၆၊မေ၊၂၀၀၈ အတွက် ဟောကိန်း   
Sunday
ဒီရက်တွေအတွင်းမှာငွေဝင်ကိန်းရှိသည်။မထင်မှတ်ပဲ အစုလိုက်အပြုံလိုက်ဝင်မည်။ ရပ်ဝေးမောင်နှမများ၏ သတင်းကောင်း ကြားရမည်။ကွဲကွာနေသောမိတ်ဆွေများနှင့်လည်းပြန်လည်ဆုံတွေ့ရမည်။ ပညာရေးတွင်အထူးဂရုစိုက် သင့်သည်။ ကြိုးစားသင့်သော အချိန်ကာလဖြစ်သည်။ အလုပ်တွင်အခက်အခဲမရှိဘဲ ကောင်းသောပြောင်းလဲခြင်းများ ဖြစ်ပေါ်မည်။ စကားပြော ဆိုသတိထားပါ။ ကျီစားသန်၍ရန်များတတ်သည်။ အလုပ်ကိစ္စဆောင်ရွက်ရာတွင် အဖြူရောင် ၀တ်ဆင်၍ကံကောင်းခြင်းကိုရယူပါ။ ကျန်းမာရေး ။ အဆုတ်နှင့်ပတ်သက်သောရောဂါများဖြစ်တတ်သည်။ အချစ်ရေး ။ ကြားစကားမယုံနှင့် အချစ်ပေါ့တတ်သည်။
ယတြာ- ဘုရားတွင်ပေါက်ပေါက်လှူဒါန်း၍ လိုရာဆုတောင်းပါ။
 
Thuesday  
Sunday
ဒီရက်တွေအတွင်းမှာစိတ်မပါတဲ့အလုပ်တွေ၊မလုပ်ချင်တဲ့အလုပ်တွေလုပ်ရကြုံရတတ်တယ်။လုပ်ဖော်ကိုင်ဖက် မောင်နှမများနှင့်လည်းစိတ်သဘောကွဲလွဲနေမည်။အင်္ဂါနံစက်ပစ္စည်း ဆိုင်ကယ်၊စက်ဘီး၊စပါးရိတ်စက် စသည့်များအ သစ်မ၀ယ်သင့်သေးပါ။မိမိကိုစိတ်ဆင်းရဲအောင်ဒုက္ခပေးထားသောသူများကပြန်လည်ကူညီမည်။ မထင်မှတ်ထားသော ကိစ္စအသေးအဖွဲ အောင်မြင်ပြီးသေချာစီစဉ်ထားသောအလုပ်ကိစ္စလွှဲချော်တတ်သည်။ ငွေကံနိမ့်နေ၍လုပ်ငန်းအသစ်စတင် ရန်မသင့်သေးပါ။ အလုပ်ကိစ္စဆောင်ရွက်ရာတွင် ဆင်စွယ်ရောင်ဝတ်ဆင်၍ကံကောင်းခြင်းကိုရယူပါ။ ကျန်းမာရေး ။ အကြော၊အဆစ် ကိုက်ခဲ၍လေးဘက်နာရောဂါရတတ်သည်။ အချစ်ရေး ။ မိမိချစ်သူ၊အိမ်ထောင်ဘက် အလုပ်ပြောင်းနေရာပြောင်းဖြစ်တတ်သည်။
ယတြာ- ဘုရားတွင်ခေါင်းလောင်းတစ်လုံးလှူဒါန်း၍ လိုရာဆုတောင်းပါ။
 
Wednesday  
Sunday
ဒီရက်တွေအတွင်းမှာဘာဘဲလုပ်လုပ်အဆင်ပြေအောင်မြင်မှုတွေများနေတတ်သည်။ အခက်အခဲမရှိအပူအပင် ကင်းသော ဘ၀တစ်ခုကိုပိုင်ဆိုင်နေရတတ်သည်။ အစုရှယ်ယာလုပ်ငန်း၊အိမ်မြေအရောင်းအ၀ယ်လုပ်ငန်းအကျိုးပေး မည်။ ပတ္တမြား၊ပုလဲ၊ပယင်း စသောကျောက်မျက်ရတနာပစ္စည်းများဝင်လာမည်။အိုးအိမ်အသစ်ရမည်။မိတ်ဆွေကောင်း ရမည်။အနောက်မြေက်သို့ခရီးသွားခြင်းရှောင်ပါ။ အ၀ါရောင်ဝတ်ဆင်၍ ကံကောင်းခြင်းကိုရယူပါ။ ကျန်းမာရေး ။ မတော်တဆ လက်ကျိုးတတ်သည်။ အချစ်ရေး ။ ချစ်သူအတွက် ပျားရည်ဆမ်းသောရက်များဖြစ်မည်။
ယတြာ- ရွှေငှက်ပျောသီး (၃)လုံးကို ကလေးတစ်ယောက်အားပေးလိုက်ပါ။
 
Thursday  
Sunday
ဒီရက်တွေအတွင်းမှာ အကောင်းနဲ့အဆိုးမျချေဖြစ်နေတတ်သည်။ငွေနည်းနည်းဝင်လာလိုက် ကုန်သွားလိုက်နဲ့ လက်ထဲငွေမမြဲဖြစ်နေမည်။ စားသောက်ဆိုင်လုပ်ငန်း၊စပ်တူလုပ်ငန်း အကျိုးပေးမည်။နိုင်ငံခြားခရီးသွားရကိန်းရှိသည်။ အဝေးမှဆွေမျိုးသားချင်းတို့၏အကူအညီကိုရမည်။ အနီးနေသူများဒုက္ခပေးမည်။ ရေမကူးရ အသက်အန္တရာယ်စိုးရိမ် ရသည်။ အပြာရောင်ဝတ်ဆင်၍ကံကောင်းခြင်းကိုရယူပါ။ ကျန်းမာရေး ။ ဆီးနှင့်ပတ်သက်သောရောဂါသတိထားပါ။ အချစ်ရေး ။ ချစ်သူစိတ်ဆိုး၊စိတ်ကောက်နေမည် ချော့လိုက်ပါ။
ယတြာ- မွေးနေ့တွင် ငှက်ကလေးများကိုအစာကျွေးပါ။
 
Friday  
Sunday
ဒီရက်တွေအတွင်းမှာ လုပ်ကိုင်သမျအဆင်ပြေအောင်မြင်မှုတွေများနေမည်။အခက်အခဲကြားမှအောင်မြင်မည်။ အိုးအိမ်အသစ်ရကိန်းမြင်သည်။ တယ်လီဖုန်း၊တီဗွီ စသောဇိမ်ခံပစ္စည်းများဝင်လာတတ်သည်။ ရန်သူမျိုးငါးပါးသတိထား ပါ။ သူခိုး၊လူလိမ် သတိထားပါ။ အစုစပ်ရှယ်ယာလုပ်ငန်းများအကျိုးပေးမည်။ ထီပေါက်ကိန်းရှိသည်။အလုပ်ကိစ္စဆောင် ရွက်ရာတွင် ခဲရောင်ဝတ်ဆင်၍ကံကောင်းခြင်းကိုရယူပါ။ ကျန်းမာရေး ။ ခြေထောက်ဒဏ်ရာရတတ်သည်။ အချစ်ရေး ။ ငယ်ရွယ်သူများအဖို့တော့ အချစ်ပင်လယ်မှာမုန်တိုင်းထန်တဲအချိန်ဘဲဖြစ်နေမည်။
ယတြာ- ဘုရားတွင်စံပယ်ပန်းလှူပါ။
 
Saturday  
Sunday
ဒီရက်တွေအတွင်းမှာ အိမ်တွင်းရေးပြဿနာများကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေမည်။ ခရီးဝေးသွားရတတ် သည်။ ငွေဝင်ကိန်းရှိသည်။ ရေလမ်းခရီးဘက်မှလာသောဧည့်သည်လက်မခံပါနှင့် ။ပြဿနာဖြစ်တတ်သည်။ ပညာရေး ညံ့နေသည်။ လောင်းကစားအကျိုးမပေး။ အလုပ်ကိစ္စဆောင်ရွက်ရာတွင် မရမ်းရောင်ဝတ်ဆင်ပါ။ ကျန်းမာရေး ။ အစာအိမ်ရောဂါဖြစ်တတ်သည်။ အချစ်ရေး ။ လက်ထပ်မည့်သူများဆိုင်းငံ့ထားပါ။
ယတြာ- ပလာတာ (၅)ချပ် ဒါနပြုပါ။
 
Saturday  
Sunday
ဒီရက်တွေအတွင်းမှာအလုပ်တိုးချဲ့ရတတ်သည်။ အထက်လူကြီးနှင့်အဆင်ပြေမည်။ စိတ်ကောင်းထားသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းအသစ် တိုးချဲ့ရန်စကားကမ်းလှမ်းလာမည်။လုပ်ကိုင်သင့်သည်။ သူတစ်ပါးကိစ္စကြောင့် စိတ်အနှောင့် အယှက်ရှိမည်။ ခြေနှစ်ချောင်းအ၀င်မခံပါနှင့်။ ပြဿနာတက်တတ်သည်။ စွပ်စွဲခံရတတ်သည်။ရပ်ဝေးခရီးထွက်မည့်သူ များအဆင်ပြေမည်။အလုပ်ကိစ္စဆောင်ရွက်ရာတွင် ပန်းရောင် ၀တ်ဆင်၍ကံကောင်းခြင်းကိုရယူပါ။ ကျန်းမာရေး ။ သွေးတိုးရောဂါဖြစ်တတ်သည်။ အချစ်ရေး ။ မျော်လင့်ထားသော အဖြေစကားကြားရမည်။။
ယတြာ- မိတ်ဆွေများကို လက်ဖက်သုပ်ကျွေးလိုက်ပါ။
Copyright © Burmese Classic 2008 All right Reserved.
Go To Home Page Font Download