|
|
 |
 |
 |
 |
 |
| Questioned By - Naing Than Tun <kyotobiruma@gmail.com> |
Date: 16 May 2008 |
ဆရာတော် အရှင်မြတ်များဘုရား
တပည့်တော်တို့ မိတ်ဆွေတစ်သိုက် ဗုဒ္ဓဓမ္မရေးရာတွေကို ဆွေးနွေးကြတုန်း ကြားဖြတ် အကြောင်းအရာ တစ်ခု ၀င်ရောက်ပါသည်။ အဲဒီအကြောင်းအရာက ဗုဒ္ဓအသုံးပြုခဲ့တဲ့ သပိတ်တော်အကြောင်းပါ။ အဲဒီသပိတ်တော်က ယခု သီဟိုဠ်မှာ ရှိသလိုလို အိန္ဒိယတောင်ပိုင်းမှာလိုလို သိရပါသည်။ မသေချာပါ။ ဆရာတော်တို့မှာ ဗုဒ္ဓ သပိတ်တော်နှင့် ပတ်သက်သည့် ဗဟုသုတ ရှိထားလျင် တပည့်တော်တို့ကို မျှဝေစေချင်ပါသည်။
မောင်သစ်လွင်၊ ကျိုတို
|
|
|
| Questioned By - Aye Chan |
Date: 7 May 2008 |
Dear Sayadaws,
I have a question about Emptiness. I am really confused about what does Emptiness really mean in Buddhism? What does it mean to have an Emptiness? Does Emptiness mean things are lack of inherent characters? Could you explain me more about Emptiness?
Aye Chan
|
|
|
| Answered By - |
ဆရာတော် ဦးသဇ္ဇန
ဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ ၊ ဓမ္မာစရိယ ၊ ပါဠိပါရဂူ ၊
|
Date: 15 May 2008 |
Emptiness does not mean being devoid of inherent chracteristics of things.In addition,it does not negate the inherent pleasures and pains of life or any existence.
The emptiness,in Buddha's own words,means being devoid of Atta(me) and Attaniya
(mine). Let me explain a little further so that one can understand what it really means.Buddha has always emphasized to realize the truth in terms of ultimate truth so that one can set oneself free from entanglements and subsequent suffering caused by ignorance and clinging.The truth has to be realized on both conventional level and ultimate level.On conventional level,we used to say and view things such as I,me,mine,
man,woman,tree,flowers and so on.There is nothing wrong in accepting and using these words such as me and mine because it is conventionally accepted truth in everyday life.However,as we are under a constant state of illusion,we used to assume that we are going to live forever without being affected by old-age,sickness and death.There is always a sense of self- deception that everything,including our body and mind,is under our countrol and manipulation.The emptiness means that there is no real me or mine in terms of a perpetual entity which has absolute control except corresponding interactive physical and mental forces which are in a state of constant flux governed by ever
on-going process of arising and passing.The teaching of emptiness,which forms one of core teachings of Buddha,aims at removing this notion and leading an individual to higher spiritual awakening.The emptiness,therefore,is not merely an advanced teaching,but also a very profound discovery of Buddha for the highly intellectual mind and is an integral path to spiritual progress.If you would like to know more about this,you can refer to major Buddhist texts.
|
|
|
| Questioned By - Chug David
<chugdavid@gmail.com> |
Date: 2 May 2008 |
Dear Sayadaws,
I have one question. Last night I thought about about video games, after watching my brother-in-law playing one. As Sayadaws might be aware of, some video games are violent. Each year, they become more and more realistic. Now some look almost life-like, and involve the player using realistic weapons and realistic means to shoot at these human-like objects. My question is this: is playing a game like this against the ideas of Buddhism? Although nothing is really being killed, does the intention to "kill" things in the video game world affect one's mind the same way that trying to another living being does? Be well and happy.
David Chug
|
|
|
| Answered By - |
ဆရာတော် ဦးသဇ္ဇန
ဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ ၊ ဓမ္မာစရိယ ၊ ပါဠိပါရဂူ ၊
|
Date: 15 May 2008 |
Gaming for the sake of pleasure and as a pastime is OK although there are some unnecessary side-effects.In this case,playing a game with violent contents is indeed very harmful to mental wellbeing of the player.Moreover,there is a greater chance of
unwholesome thoughts (Akusala Manokamma) being frequently occured during the process of playing.Though it is not directly against Buddha's teaching,it can negatively affect one's mental wellbeing and physical behavior in the long term.
|
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 15 May 2008 |
Five Parts of Killing
There are five parts to say killing living beings: 1) knowing that is a living being (pāna sannitā) 2) intention to kill a living being (volitional activity to kill) (vadhaka cetanā) 3) effort to kill (vāyāmo) 4) killing (māreti) 5) victim's death by that effort (tena maranam).
In accordance with all these five parts, if you kill a living being, then you violate the first of five precepts. If you miss one of the five, you keep the precept. This idea is based on the Theravada Buddhist commentaries.
The Video Game
The video game is only in the computer program though these human-like objects are realistic and violent, and nothing is a real living being. So typically we cannot say that he violates the first precept when he plays that kind of game.
However, there are a lot of mental draining that occurs while playing that kind of game. If you do it repeatedly, it can become a habit and damage your mind, causing your behavior to be bad. Then it may be easier for you to become a violent person. It means that you may be adopted by these human-like objects and may become the very object-like person. According to religious point of view, you do nothing good for yourself and for others as well playing game. So it is a kind of wasting your precious time. A wise should live his life to obtain one of three things: merit, knowledge and spiritual or material wealth.
One's Downfall
Buddha taught us the cause of one's downfall: the man who is a debauchee who is a sexually addicted person (itthi-dhutto or purisa-dhutto); a drunkard (suraa-dhutto); a gambler (akkha-dhutto); and who squanders whatever he possesses – this is the cause of one's downfall. That kind of person may be accompanied by fools, being away from the wise, and can never attain mental development.
According to me, depending on the Parabhava sutta, any kind of gambling including at least playing cards with one's friends at home for fun or so is against the principal ideas of Buddhism.
|
|
|
| Questioned By - Naychi Letlet
<nletletwin@gmail.com> |
Date:28 Apr 2008 |
ဆရာတော် အရှင်မြတ်များဘုရား
အချို့ဗုဒ္ဓဘာသာဝင်များသည် အိမ်မှာ ကိုးကွယ်ထားသည့် ဒက္ခိဏသာခါ ဆင်းတုတော်က မီးကွင်းတယ်၊ သူခိုးမ၀င်ရဲအောင် ကာကွယ်ပေးတယ်ဟု ယုံကြည်ကြပါသည်။ အဲဒီ ယုံကြည် ချက် မှန်ကန်ပါသလားဘုရား။ ဗုဒ္ဓဘာသာကောင်း တစ် ယောက် ဖြစ်ရေးမှာ ဗုဒ္ဓဆင်းတုကို ကိုးကွယ် ပူဇော်မှုသည် အရေးကြီးပါသလားဘုရား။ ရုပ်တုဆင်းတု ကိုးကွယ်မှုကို ဗုဒ္ဓ ကိုယ်တိုင် ခွင့်ပြုခဲ့ပါသလား။ မည်သည့် အချိန်ကစတင်ပြီး ရုပ်တုဆင်းတု ကိုးကွယ်မှု စတင်ခဲ့ပါသနည်း။ သနားသော အားဖြင့် ရှင်းလင်း ပေးစေလိုပါတယ်အရှင်ဘုရား။
မေ၀သန်ဦး၊
ခေတ္တ မလေးရှား
|
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 13 May 2008 |
ရုပ်တုကိုးကွယ်မှု
ဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့ အတွေးအမြင်ဟုတ် မဟုတ်ဆိုတာ အတိအကျဆိုဖို့ ခဲယဉ်းပါတယ်။ ထေရ၀ါဒ ပိဋကတ်မှာ မြတ်ဗုဒ္ဓက မိမိရဲ့ ဆင်းတုကို ထုလုပ်ကိုးကွယ်ရမယ်လို့ တိုက်ရိုက် မြွက်ဟထားတာာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည် ထား ကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ ၂၊ ၁၁၀)။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းတို့ရဲ့ သင်္ဂြိုဟ်ကြွင်းကို စေတီတည် ကိုး ကွယ်တဲ့ အဲဒီခေတ်အချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို တားလဲ မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လိုတဲ့ အတွေးအမြင်ဟာ မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ဗုဒ္ဓရဲ့တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ် ခွန်အားကို ရရှိလိုတာကနေ စတင်ခဲ့တာဖြစ်နိုင်ပြီး ထေရ၀ါဒပိဋကတ်မှာရော သမိုင်းအရပါ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။
ခြေတော်ရာစေတီ
ဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာပုံကိုဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြတယ်။ ဗုဒ္ဓ၀ါဒ အစောပိုင်းကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓ၀ါဒီအချို့ နှစ်သက်ကြဟန် မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ ထူးခြားတင့်တယ်တဲ့ ရုပ်သွင်တော် ပျက်ယွင်းသွားနိုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။ ဂရိနဲ့ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်မှု ပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြ ပါတယ်။ ဗုဒ္ဓဆင်းတု တည်ဆောက်မှု အနုပညာနဲ့ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က ကူညီအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အခြား နိုင်ငံတွေမှာလဲ ရုပ်ပွားဆင်းတု ကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံ လူမျိုးအသီးသီးရဲ့ ရုပ်သွင်ပုံဟန်တွေနဲ့ ဆင်းတုတွေ ထုလုပ်ခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာ တစ်နိုင်ငံတည်းမှာပင် သမိုင်းခေတ် တစ်ခုနဲ့တစ်ခု မတူဘဲ သွင်ပြင်ဟန်ပန် အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒက္ခိဏသာခါ
ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားက “တောင်ဖက်ကိုင်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဗောဓိပင်ရဲ့ တောင်ဖက်ကိုင်းကို ထုလုပ်တဲ့ ဆင်းတုလို့ ဆိုဖွယ်ရှိပါတယ်။ ဒက္ခိဏသာခါ ဆင်းတုအကြောင်းကို ပိုမို နားလည်ဖို့ဆိုရင် ဆက်လက်သုတေသန ပြုရဦးမှာပါ။ ဆင်းတုတော်ရဲ့ ပုံစံကလဲ တစ်မူထူးခြားနေပါတယ်။ ဘယ်ခေတ်က ဘယ်လိုအဓိပ္ပာယ်နဲ့ အဲဒီပုံစံမျိုး ထုလုပ်ခဲ့တယ်ဆိုတာကို ပညာရှင်တို့ တင်ပြပါကုန်။ ရုပ်ပွားဆင်းတု ကိုးကွယ်ရာမှာ ကိုးကွယ်ခံဆင်းတုက မီးကွင်းအောင် လေကွယ်အောင်လုပ်ပေးတယ်လို့ မယူဆသင့်ပါဘူး။ ဘာကြောင့်ဆို သက်တော်ထင်ရှား ဗုဒ္ဓဘုရားကိုယ်တိုင် အဲဒီလို လုပ်မပေးလို့ပါဘဲ။ ဗုဒ္ဓဆင်းတု ကိုးကွယ်တဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်နိုင်ဖို့ပါ။ မြတ်ဗုဒ္ဓရဲ့ တည်ငြိမ်တဲ့ သွင်ပြင်၊ မေတ္တာတရား၊ သန့်ရှင်စင်ကြယ်မှုနဲ့ ပြီးပြည့်စုံ မှုတွေကို ထင်ဟပ်စေတဲ့ သင်္ကေတဟာ ကိစ္စမြားမြောင် လူ့ဘောင်ထဲက နေ့စဉ်လူမှုဘ၀ လှုပ်ရှားမှုတွေမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေ၊ စိုးရိမ် ပူပန်မှုတွေကို ကျော်လွှားဖို့ စိတ်ဓာတ်အင်အားကို ရရှိစေပါတယ်။ စိတ်သက်ရာရမှု၊ စိတ်ဓာတ် ပြန်လည် လန်းကြွလာမှုတို့အတွက်လဲ ကြီးစွာ အထောက် အပံ့ပြုပါတယ်။ ဗုဒ္ဓဆင်းတုကို ပူဇော်ကန်တော့ဆဲမှာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရည်တွေအပေါ်မှာ တစ်ခဏလောက် မိမိ စိတ်ကို တည်ကြည်စွာ ထားလိုက်နိုင်ရင် အဲဒီကြည်လင်တဲ့စိတ်ဟာ အမှန်ပင် ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။
မီးကွင်း ဆင်းတု
တစ်ခါတစ်ရံ လူအများ ပူဇော်ခံ စေတီတော်နဲ့ ဆင်းတုတော်တွေမှာ ထူးခြားတဲ့ စွမ်းအင် သို့မဟုတ် တန်ခိုးတစ်မျိုး ရှိနေတတ်ပါတယ်။ ဗုဒ္ဓ၀ါဒဟာ ပရ လောကကို လက်ခံယုံကြည်ပါတယ်။ သူတော်စင် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ဟာ မိမိတို့ ပြုလုပ်တဲ့ ကုသိုလ်ထူးအတွက် ကွယ်လွန်ပြီးနောက်မှာ မိမိတို့ အထူးကြည်ညိုတဲ့ စေတီ သို့မဟုတ် ဗုဒ္ဓဆင်းတုတော်တွေကို စောင့်ရှောင့်လိုကြောင်း ဆုတောင်းကြတာတွေ ရှိပါတယ်။ အဲဒီလို အစောင့်အရှောင့်တွေ ရှိ ရင်၊ အနည်းဆုံး အဲဒီဗုဒ္ဓဆင်းတုကို ကြည်ညိုတဲ့ ပရလောကသားတွေ ရှိခဲ့ရင်၊ ကိုယ်တိုင်ကလဲ ဗုဒ္ဓါနုဿတိ (ဗုဒ္ဓကိုအာရုံပြုမှု)နဲ့ ကြည်ညိုစိတ်တွေ အားကောင်းနေရင် အဲဒီဗုဒ္ဓဆင်းတုတွေရဲ့ ထူးခြားအံ့သြဖွယ်ကို ရံဖန်ရံခါ တွေ့မြင်ရဖွယ်ရှိပါတယ်။ အဲဒီအခါမျိုးမှာ အဲဒီဗုဒ္ဓဆင်းတုက မီးကွင်း လေကွယ် ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဘုန်းကြီးအနေနဲ့ ယုံကြည်ပါတယ်။ ဆင်းတုဟာ ဆင်းတုပါပဲ။ အထဲမှာ ဗုဒ္ဓဓာတ်တော်မှ မရှိဘဲ။ ဒါကြောင့် ဗုဒ္ဓဆင်းတုက တိုက်ရိုက်ကြီးတော့ တန်ခိုးမပြတန်ရာပါဘူး။
မရှိ မဖြစ်လား
ဗုဒ္ဓ၀ါဒီတွေဟာ ဗုဒ္ဓဆင်းတော်ကို ဖူးမြော်ရခိုက် နှလုံးသားထဲမှာ ဗုဒ္ဓရုပ်သွင် ထင်မြင်လာပြီး ကြည်ညိုသဒ္ဓါ တိုးပွားပါတယ်။ အဲဒီကြည်လင်တဲ့ စိတ်ဟာ ကြည်ညိုသူ ဗုဒ္ဓ၀ါဒီကို အတွေးအကြံကောင်းတွေ ရစေပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ညစ်ညူးမှုတွေနဲ့ နေ့စဉ်ဘ၀ပြဿနာ အထွေထွေကို တဒင်္ဂမေ့ပျောက် ထားနိုင်ပြီး စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အထောက်အပံ့ပြုပါတယ်။ ဒါကြောင့် ဗုဒ္ဓဆင်းတုကို ကိုးကွယ်ကြတာလို့ နားလည်သင့်ပါတယ်။ ဗုဒ္ဓ၀ါဒမှာ ဓမ္မကို ကျင့်သုံးဖို့ ဗုဒ္ဓဆင်းတုကို ကိုးကွယ်ရမယ်လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။ ဗုဒ္ဓဆင်းတုတော် မရှိဘဲလဲ ဓမ္မကို ကျင့်သုံးနိုင်ပါတယ်။ ဗုဒ္ဓဆိုတာ လမ်းညွှန်သူသာဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်ဖို့ဆိုရင် မိမိကိုယ်တိုင်ပဲ အားထုတ်ရပါတယ်။ ဒါပေမဲ့ ယဉ်ကျေးပြီး ကမ္ဘာတစ်လွှားက မျိုးဆက်တစ်ခုပြီး တစ်ခု လူသန်းပေါင်းများစွာရဲ့ စိတ်ဓာတ်အင်းအားကို ပေးစွမ်းနိုင်ခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင်မေ့နိုင်ဖို့ ဗုဒ္ဓဆင်းတုတော် လိုအပ်ပါတယ်။ ဗုဒ္ဓ၀ါဒီ တစ်ယောက်အနေနဲ့ မိမိအိမ်မှာ ဗုဒ္ဓဆင်းတု သို့မဟုတ် ဗုဒ္ဓရုပ်ပုံပန်းချီကားချပ် ထားရှိကောင်းပါတယ်။ ရှိပြီးဖြစ်ရင်လဲ အိမ်အလှပြဖို့ မဟုတ်ဘဲ ချီးမွမ်း ထောမနာပြုမဲ့ အရာ၊ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးမဲ့အရာ၊ ရိုသေပူဇော်မဲ့ အရာအနေနဲ့ အမြတ်တနိုး သိမ်းဆည်းထားပါလေ။
သူတို့အမြင်
တည်ကြည်တဲ့ ဗုဒ္ဒဆင်းတုတော်ပုံဟာ စံဝင်လှပပြီး အာရှယဉ်ကျေးမှုရဲ့ အဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒဿန (တွေးခေါ်)ပညာရှင် တွေ၊ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်တိုင် မြင့်မြတ်ထက်မြက်တဲ့ အတွေးအကြံတွေနဲ့ စိတ်ဓာတ်အင်အားကို ရရှိဖို့ ၎င်းတို့ရဲ့ စာဖတ်ခန်းထဲက စာပွဲပေါ် မှာ ဗုဒ္ဓဆင်းတုတော်ကို သိမ်းဆည်းထားလေ့ရှိကြပါတယ်။ သူတို့ အများစုဟာ ဗုဒ္ဓ၀ါဒီတွေ မဟုတ်ပါဘူး။ ဗုဒ္ဓဆင်းတုနဲ့ ပတ်သက်လို့ အိန္ဒိယ၀န်ကြီးချုပ် ဟောင်း ပဏ္ဍိတ် နေရူး ဆိုပုံက “မှိတ်ထားသော မျက်လုံးအစုံအတွင်းမှ စိတ်ပိုင်းစွမ်းရည်အချို့ကို အထင်းသား တွေ့ရပြီး ကိုယ်အမူအရာတွင် အသက် ၀ိညာဉ်ရှိသည့်အလား စွမ်းအင်များ ပြည့်လျှံနေ၏။ ခေတ်ကာလို့ ပြောင်းရွေ့သွားသော်လည်း ဗုဒ္ဓရှင်တော်မြတ်မှာမူ ဝေးကွာ၍ မသွားသေး။ ဗုဒ္ဓ၏အသံ သည် ကျွန်ုပ်၏ နားတွင်းသို့ တိုးညှင်းစွာ ကြားယောင်လာပါ၏။ လွတ်လပ်ရေး လှုပ်ရှားမှုမှ နောက်ဆုတ်မသွားရန် တည်ငြိမ်သော စိတ်ထားဖြင့် အန္တရာယ်ကို ရင်ဆိုင်ရန် ပြောပြနေသည့်အလားပင် ဖြစ်တော့၏။ ကျွန်ုပ် ထောင်ကျနေစဉ် ဤဆင်းတုတော်မြတ်အား ဖူးမြင်နေရခြင်းမှာ ကျွန်ုပ်အား ပြင်း ပြသည့် စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေခဲ့ပါသည်”တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက ဗိုလ်ချုပ် ဟန်မီလ်တန်ဟာ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းပျက် တစ်ခု က ဗုဒ္ဓဆင်းတုတစ်ဆူကို ရရှိသွားပါတယ်။ အဲဒီဆင်းတုတော်ကို အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီထံ ပေးပို့ပြီး စာတိုလေး ရေးပေးလိုက်ပုံ က “ခင်းဗျား စိုးရိမ်ပူပန်သောကရောက်နေစဉ်မှာ ဟောဒီ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဆင်းတုတော်ရဲ့ ရုပ်သွင်ကို တစ်ချက် ကြည့်လိုက်ပါ။ ပြီးတော့ ခင်းဗျားရဲ့ စိုးရိမ်ပူပန်မှုအပေါ် ပြုံးပစ်လိုက်စမ်းပါ” တဲ့။ အာရှအလင်းရောင်ကဗျာမှာ ဖော်ပြပုံက "This is that bloosom on our human tree Which opens once in many myriad years. But opened, fills the world with Wisdom's scent And Love's dropped honey. နှစ်ပေါင်း အသင်္ချေမှာ တစ်ခါသာ ပွင့်တဲ့ ပွင့်ပြီးရင် ကမ္ဘာကို ပညာရနံ့ မေတ္တာ ပျားရည်တွေ ပြည့်လျှံစေတဲ့ လူသားသစ်ပင်က ပန်းပွင့်” တဲ့။
|
|
|
| Questioned By - Tin Zaw Latt
<zawmyint10@gmail.com> |
Date:19 Apr 2008 |
ဆရာတော် အရှင်မြတ်များဘုရား
မွေးနေ့ပါတီတစ်ခုမှာ မိတ်ဆွေတစ်ယောက်နှင့် တွေ့ရင်း စပ်မိစပ်ရာ ပြောဆိုကြရာမှာ ထိုမိတ်ဆွေက ပရိတ်ရွတ်တာဟာ ဗုဒ္ဓ၀ါဒ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ တပည့်တော် ဘာမှ ပြန်မပြောခဲ့ပေမဲ့ သူပြောတဲ့ စကားက တပည့်တော်ရဲ့ ရင်ထဲမှာ စူးဝင်ကျန်နေခဲ့ပါတယ်။ ပရိတ်ရွတ်ဆိုရန် ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့ပါသလား ဘုရား။ ထိုမိတ်ဆွေပြောသလို ပရိတ်ရွတ်တာဟာ မန္တန်ရွတ်ဖတ်သလိုမျိုး ဖြစ်နေပါသလားဘုရား။ ပရိတ်ရွတ်တဲ့အတွက်ကြောင့် နာယူသူမှာ ဘာကြောင့် ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ အကျိုးတရားတွေ ရရှိပါသလည်းဘုရား။ သနားကရုဏာ ရှေ့ထား၍ ဖြေကြားပေးစေ ချင်ပါတယ်ဘုရား။ ဦးသန်းစိန်
New Delhi, India
|
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 1 May 2008 |
စိတ်ကဦးစီးပုံ
'၀ါးခြမ်းနှစ်ခုကို ထပ်ခါထပ်ခါ ပွတ်တိုက်ရင် မီးထွက်တာ၊ ဘီးရဲ့ လည်ပတ် ပွတ်တိုက်မှုကြောင့် စွမ်းအင်ကိုရပြီး စက်ဘီးရှေ့က မီးလုံး လင်းလာတာတွေကို တွေ့နိုင်တယ်။ နီဗားဒါးပြည်နယ်က ကမ္ဘာ့အံ့ဖွယ် ဧရာမ ဟူးဗားဒမ် ရေအားလျှပ်စစ်စက်ရုံက ဘီးကြီးတွေရဲ့ လည်ပတ်မှုနဲ့ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ကာလီဖိုးနီးယား မြောက်ပိုင်း၊ နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်တွေမှာ လျှပ်စစ်မီးကို အလျှံပယ်သုံးနိုင်ပါတယ်။ မြန်မာ နိုင်ငံလို သုံးနိုင်ငံနီးပါးလောက် သုံးနိုင်တဲ့ စွမ်းအင်ပါ။ အဲဒီလောက် ကြီးမားတဲ့ ရုပ်စွမ်းအင်ဆိုတာ အမှန်တော့ နာမ်စွမ်းအင်က ထုတ်လုပ်ချက်မျှသာ ဖြစ်ပါတယ်။ ရုပ်တရားမှာ အဲဒီလို သဘာဝ စွမ်းအင်မျိုးရှိသလို ပရိတ်တော်တွေကို ကြိမ်ဖန်မျာစွာ ရွတ်ဖတ်သူမှာလဲ မြင့်မားတဲ့ နာမ်စွမ်းအင်တွေ ရှိလာနိုင်ပါတယ်။ စကားလုံးတွေကို ထပ်ခါထပ်ခါ ရွတ်ဆိုပွားများရင် အဲဒီစကားလုံးတွေက ထူးခြားတဲ့ စွမ်းအင်တစ်ခုကို ထုတ်ပေးတဲ့ သဘာဝ နိယာမရှိပါတယ်။ ဆရာတော်ကြီးတစ်ပါး အပြောအရ ရွတ်ပါများလို့ အဲဒီလို စွမ်းအင်တွေ မိမိမှာ ရှိနေတာကို တစ်ခါတလေ မိမိကိုယ်တိုင်တောင် မသိလိုက်မိပါဘူးတဲ့။
စွမ်းအင်ရရှိပုံ
ပရိတ်တော်တွေကို ရွတ်ဆိုဆဲမှာ ဖြစ်ပေါ်လာတဲ့ စေတနာ မေတ္တာ သစ္စာစတဲ့ နာမ်တရားတွေရဲ့ အစွမ်းသတ္တိဟာ ရုပ်စွမ်းအင်ထက် ကြီးမားတဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင်လဲ နာမ် စွမ်းအင်ကို အသုံးပြုတော်မူခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဟာ ပရိနိဗ္ဗာန်စံခါနီး မကြွလှမ်းနိုင်လောက်အောင် ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ဖလသမာပတ်သမာဓိနဲ့ ထောက်ကန်ပြီး ဆယ်လလောက် မရပ်နားဘဲ ခြေလျင်ခရီး ကြွချီတော်မူနိုင်ခဲ့ပါတယ်။ “အာနန္ဒာ၊ ငါ့အသက် ရှစ်ဆယ်ရှိနေပြီ။ လှည်းအိုသည် (ကြိုးဖြင့်) တုပ်နှောင်၍ တည်တံ့သကဲ့သို့ မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် အရဟတ္တဖိုလ်သမာဓိဖြင့် ဖွဲ့ချည်၍ တည်တံ့ နေ၏ (ဒီ ၂၊ ၈၅)”။ ဆန္ဒ (လုပ်လိုတဲ့ ဆန္ဒ)၊ စိတ္တ (စွဲမြဲတဲ့စိတ်)၊ ၀ီရိယ (မပျင်းမရိ လုပ်ဆောင်မှု)၊ ပညာ (ချင့်ချိန်တတ်သည့် အသိ) တရားလေးမျိုးဟာ ဣဒ္ဓိပါဒ (စွမ်းအင်ရဲ့ အခြေခံ) တွေ ဖြစ်ပါတယ်။ “အဲဒီ (ဣဒ္ဓိပါဒ)တရားလေး မျိုးကို ကြိမ်ဖန်များစွာ ပွားများသူသည် သက်တမ်းဆုံးအောင် သက်တမ်းကျော်အောင် အသက်ရှည်နိုင်၏ (ဒီ ၂၊ ၈၅)”။ မြတ်ဗုဒ္ဓဟာ နာမ်တရားတွေ အစွမ်းသတ္တိ ကြီးမားပုံကို အခါများစွာ ဟောကြားတော်မူ လေ့ရှိပါ တယ်။ ပရိတ်ရွတ်တာဟာ သမထ သို့မဟုတ် ၀ိပဿနာ ဘာဝနာအဆင့် မရောက်သေပေမဲ့ ကြိမ်ဖန်များစွာ ပွားများရင် ထူးခြားတဲ့ စွမ်းရည်ရှိတာ ထင်ရှားပါတယ်။
ပရိတ်ရွတ်ခြင်း
“ရဟန်းတို့၊ အာဋာနာဋိယမည်သော အရံအတား (ရက္ခံ)ကို သင်ယူကြလော့၊ အဖန်ဖန် လေ့လာကြလော့၊ ယင်းသည် လူအများ၏ အကာကွယ် အစောင့်အရှောင့်ဖြစ်၏ (ဒီ ၃၊ ၁၇၄)”။ “ရဟန်းတို့၊ လေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်းမအား အာပတ်မှ လွတ်၏ (၀ိ ၂၊ ၄၀၂)။ ပရိတ်ဟူရာ၌ တစ္ဆေသရဲနိုင်မန္တန်၊ မြွေနိုင်မန္တန်စသည့် မန္တန်အမျိုးမျိုးလည်း အပ်၏ (၀ိ-ဋ္ဌ ၃၊ ၂၀၅)”။ ပထမ ကျမ်းကိုးအရ မြတ်ဗုဒ္ဓက ရဟန်းတော်တွေကို အာဋာနာဋိယ ပရိတ်ကို သင်ယူဖို့ တိုက်တွန်းတာကို တွေ့နိုင်ပါတယ်။ ဒုတိယကျမ်းကိုးမှာပါတဲ့ မန္တန်မျိုးကိုတောင် ရဟန်းမိန်းမ (ရဟန်းယောက်ျားလဲ ပါတယ်)တွေ သင် ယူကောင်း လုပ်ကောင်းရင် ပါဠိတော်တွေမှာ တိုက်ရိုက်လာတဲ့ ပရိတ်တော်တွေဆိုရင် ပြေစရာမလိုဘူးပေါ့။ ပရိတ်ကြီး ၁၁ သုတ်ဆိုတာက ထိုထိုသုတ္တန်တွေက ဆွဲထုတ်ထားတဲ့ ပါဠိတော်အပိုင်းအစတွေပါ။ တစ် သုတ်စီကို စစ်ကြည့်ရင် သစ္စာပြုတာ၊ တ္တောပို့တာ၊ ဂုဏ်တော် စီးဖြန်းတာတွေပါပဲ။ ဒါကြောင့် ပရိတ်ဆိုတာ ဘုရားဟော၊ ပရိတ်ရွတ်ဖို့ ဘုရားခွင့်ပြုခဲ့တယ်လို့ အခိုင်အမာ မှတ်ယူသင့်ပါတယ်။ ပရိတ်ရွတ်တာဟာ ဗုဒ္ဓ၀ါဒမဟုတ်ဘူးလို့ ဆိုရန် ခိုင်လုံတဲ့ အကြောင်းတရား မရှိပါဘူး။
တားဆီးပုံ
ပရိတ်တရားတွေဟာ စေတနာ သဒ္ဓါ သစ္စာ မေတ္တာဆိုတဲ့ နာမ်တရားတွေဖြစ်လို့ အဲဒီနာမ်တရားတွေကို ခန္ဓာကိုယ်ထဲမှာ စိမ့်ထုံသွားအောင် စူးစူးစိုက်စိုက် ရွတ်ပွားနေရင် ဆန္ဒ စိတ္တ ၀ီရိယ ၀ီမံသဆိုတဲ့ ဣဒ္ဓိပါဒ် ဖြစ်သွားပြီးအကျိုးပြီးမြောက်နိုင်ပါတယ်။ နာမကျန်းဖြစ်တဲ့အခါ ပျောက်လိုတဲ့ ဆန္ဒလဲ ပြင်းပြမယ်၊ ပျောက်ဖို့လဲ စိတ်ထက်သန်နေမယ်၊ ပျောက်အောင်လဲ ကြိုးစားကုသမယ်၊ သင့်မသင့် ချင့်ချိန်တဲ့ ညဏ်ကလဲ ဦးစီး နေမယ်ဆိုရင်၊ အဲဒီအတွင်းစိတ်ဟာ ဗောဇ္ဈင် တရားတွေကို ကြားနာရွတ်တဲ့ သဒ္ဓါ စေတနာ တိုးပွားမှုအရှိန်နဲ့ ထိတွေ့တဲ့အခါ အဲဒီအရှိန်ဓာတ် စွမ်းအင်ရဲ့ ရိုက်ခတ်မှုကြောင့် ပူလောင်နာကျင်မှုတွေ လျော့ပါးသွား ပါတယ်။ အဲဒီလိုနဲ့ မိမိကိုယ်မှာ ရောဂါပျောက်၊ အပြင်မှာ အန္တရာယ်ကင်းတဲ့ အကျိုးကို ရရှိတာပါ။ အရှင်မဟာကဿပနဲ့ အရှင်မဟာမောဂ္ဂလ္လာန်တို့ နာမကျန်းဖြစ်လို့ အဲဒီ မထေရ်ကြီးတွေကို မြတ်ဗုဒ္ဓကိုယ်တိုင် ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောကြားလို့ ရောဂါပျောက်ကင်းသွားပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် ကိုယ်လက်မအီမသာ နာမကျန်းဖြစ်လို့ အရှင်စုန္ဒမထေရ်က အဲဒီ ဗောဇ္ဈင်ခုနစ်ပါးတရားကို ရွတ်ပြတဲ့အခါ မြတ်ဗုဒ္ဓလဲ ကျန်းမာသွားပါတယ် (သံ ၃၊ ၇၁)။ ဂိရိမာနန္ဒ (အံ ၃၊ ၃၄၂)၊ နကုလပိတာသူကြွယ် (အံ ၂၊ ၂၆၁)တို့လဲ ဗုဒ္ဓဟောတဲ့ သုတ္တန်တွေကို နာယူပြီး ကျန်းမာသွားကြဖူးပါတယ်။
အင်္ဂါရပ်များ
ပရိတ်နာယူသူမှာ ၁) ပဉ္စာနန္တရိယကံကို ကျူးလွန်ထားရင် ၂) နိယတမိစ္ဆာဒိဋ္ဌိ (စွဲမြဲ ပြင်းထန်တဲ့ အယူမှား) ရှိနေရင် ၃) ပရိတ်စွမ်းအင်ကို မယုံကြည်ရင် ပရိတ် အကျိုးမရှိနိုင်ဘူး (မိလိန္ဒ၊ ၁၅၅)။ ဒကာဒကာမ တို့အတွက် အထူးရည်ရွယ်ပြီး ရွတ်ပွားသူအနေနဲ့ ၁) အနက်အဓိပ္ပာယ်ကို နားလည်အောင် သင်ယူထားရမယ် ၂) ပုဒ်ဗျည်းတို့ကို မကျပေါက်စေဘဲ ပြည့်စုံအောင် လေ့လာ ကျက်မှတ်ထားရမယ် ၃) ရမဲ့ လာဘ်လာဘ ကို မငဲ့ဘဲ မေတ္တာရှေ့ထား၍ ရွတ်ဖတ်ရမယ် (ဒီ-ဋ္ဌ ၃၊ ၁၄၉)။ အဲဒီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံရင် အထက်မှာ ပြောပြထားတဲ့အတိုင်း အကျိုးပြီးမြောက်နိုင်ပါတယ်။
ပိယင်္ကရသုတ်
အရှင်အနုရုဒ္ဓမထေရ်ဟာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးခိုက် တစ်ခုသော မိုးသောက်ယံမှာ သုတ္တန်တွေကို ရွတ်အံနေပါတယ်။ ဘီလူးမတစ်ယောက် သားငယ်နှင့်အတူ ရောက်ပြီး အရှင်မြတ်ရဲ့ ရွတ်ဖတ်သံကို နာယူပါတယ်။ သားငယ်က အသံပြုတဲံအတွက် “သားရေ၊ အသံအပြုပါနဲ့။ ရဟန်းရွတ်တဲ့ တရားကို သိပြီး လိုက်နာကျင့်ကြံနိုင်ရင် တို့တွေ ဘီလူးဘ၀က လွတ်မြောက်နိုင်လိမ့်မယ်”လို့ တားမြစ်တယ်။ တရားတော် (သုတ္တန်) အဆုံးမှာ ဘီလူးမ သောတာပန် တည်သွားပါသတဲ့ (သံ ၁၊ ၂၁၁)။ ဗုဒ္ဓကို ရွတ်ဖတ်မှုဟာ အဲဒီလိုလဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ပရိတ် မရွတ်ခင်မှာ “သမန္တာ စက္က၀ါဠေသု၊ အတြာဂစ္ဆန္တု ဒေ၀တာ = စကြ၀ဠာ ၀န်းကျင်က နတ်ဗြဟ္မာအပေါင်းတို့၊ ဤပရိတ်တရားကို ဟောကြားသည့် နေရာသို့ လာေ၇ာက်ကြပါ”လို့ ဖိတ်ကြားတာ ဖြစ်ပါတယ်။ ယုံကြည်သဒ္ဓါနဲ့ ပြည့်စုံတဲ့ နတ်ဗြဟ္မာတွေ တရားနာရရင် ကောင်းကျိုးရနိုင်ဖို့ ဖြစ်ပါတယ်။ “သုတ္တန်တွေရဲ့ အဓိပ္ပာယ်မှန်ကို နားမလည်ဘဲ စွပ်စွဲပြောဆိုရင် ဘုရားကိုလဲ စွပ်စွဲရာရောက်တယ်၊ ကိုယ့်ကိုယ်ကိုလဲ တူးဖြိုရာရောက်တယ်၊ အကုသိုလ်လဲ တိုးပွားပါတယ် (မ ၁၊ ၂၃၆)။ အဓိပ္ပာယ်မှန်ကို သိလိုရင် ဆရာကောင်းကို ဆည်းကပ်ဖို့ ပညာရှိကို ဆရာတင်ဖို့ စိတ်ညွတ်သင့်ပါတယ်။
|
|
|
| Questioned By - Maung Kyawzeya
<kyawzeya32@gmail.com> |
Date:17 Apr 2008 |
ဆရာတော် အရှင်မြတ်တို့ဘုရား
'ဤခုနစ်ဆူကုန်သော ဘုရားရှင်'ဟု ကြားဘူးပါသည်။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်ဟုလည်း ကြားဘူးပါ သည်။ ခုနစ်ဆူသောဘုရားရှင်သည် နှစ်ကျိပ်ရှစ်ဆူဘုရားထဲမှာ ပါဝင်ပါသလား။ မပါဝင်ဘူးဆိုလျင် ဘုရားရှင် သုံးဆယ့်ငါးဆူဟု ဆိုလိုပါသလားဘုရား။ အဆိုပါဘုရားရှင်တို့၏ အမည်များကိုလည်း သိလိုပါတယ်ဘုရား။ ခုနစ်ဆူဘုရား သို့မဟုတ် နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရှိလျင် ဓမ္မဗဟုသု မျဝေစေလိုပါတယ်။
ကျော်ဇေယျ
|
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 27 Apr 2008 |
ရှေးဖြစ်ကို သိတဲ့ဥာဏ်
'မဟာပါဒနသုတ် ပါဠိတော် (ဒီ ၂၊ ၄၉) မှာ “၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ”လို့ ဗုဒ္ဓ ခုနစ်ဆူရဲ့ ဘွဲ့အမည်တွေကို ဟောပါတယ်။ ဗုဒ္ဓ၀ံသပါဠိတော် (စာ ၃၂၁-၃၇၅)မှာ “ဒီပင်္ကရ၊ ကောဏ္ဍည၊ မင်္ဂလ၊ သုမန၊ ရေ၀တ၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ နာရဒ၊ ပဒုမုတ္တရ၊ သုမေဓ၊ သုဇာတ၊ ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ၊ သိဒ္ဓတ္ထ၊ တိဿ၊ ဖုဿ ဆိုတဲ့ ဗုဒ္ဓဆယ့်ရှစ်ဆူနဲ့ ဖော်ပြပြီး ဗုဒ္ဓခုနစ်ဆူ”လို့ ဗုဒ္ဓ နှစ်ဆယ့်ငါးဆူတို့ရဲ့ ဗုဒ္ဓ၀င်ကို ဟောတော်မူပါတယ်။ အဲဒီ ဗုဒ္ဓ၀င်တွေကို ဗုဒ္ဓဂေါတမ ရှင်တော်မြတ်ဟာ ပုဗ္ဗေနိဝါသာနုဿတိ (ရှေးဘ၀တွေကို မြင်နိုင်တဲ့ ၀ိပဿနာ အားထုတ်မှုကြောင့် ရရှိတဲ့) ညာဏ်တော်နဲ့ ဟောတော်မူတာ ဖြစ်ပါတယ် (ဒီ-ဋီ ၂၊ ၁၄)။
ဤခုနစ်ဆူ
မဟာပဒါနသုတ်တော်မှာ ကိုယ်တော်မြတ်နဲ့တကွ ဗုဒ္ဓ ခုနစ်ဆူကိုသာ ဟောတော်မူရတာက “လူဖြစ်စဉ် တစ်ချိန်က ဖော်ပြပါ ဗုဒ္ဓခုနစ်ဆူထံမှာ တပည့်ခံလျက် တရားကျင့်ကြံခဲ့ကြပြီး ယခုအခါ ဗြဟ္မာ့ဘုံသို့ ရောက်နေကြသည့် ဗြဟ္မာများကို ချီးမြှောက်လိုခြင်း၊ တရားနာ ပရိသတ်တို့၏ အလိုဆန္ဒအရ နှစ်ဆယ့်ငါးဆူလုံး ဟောကြားရန် မလိုအပ်ခြင်းတို့ကြောင့် (ဒီ-ဋီ ၂၊ ၁၄)” ဖြစ်ပါတယ်။ ဗုဒ္ဓ၀ံသပါဠိတော်မှာတော့ ကိုယ်တော်မြတ် နိယတဗျာဒိတ် (ဘုရား ဧကန်ဖြစ်မယ်လို့ ဗုဒ္ဓတစ်ဆူဆူက မိန့်ကြားခြင်း) ကို ခံယူခဲ့တဲ့ ဘုရားရှင် ၂၄ ဆူနဲ့ ကိုယ်တော်မြတ်ကိုယ်တိုင်ပါ ပေါင်း ၂၅ ဆူကို ဟောတော်မူပါတယ်။
နှစ်ကျိပ်ရှစ်ဆူ
အပဒါန်ပါဠိတော်မှာတော့ ဂေါတမဗုဒ္ဓ နိယတဗျာဒိတ်ကို ခံယူခဲ့တဲ့ ဗုဒ္ဓ ၂၄ ဆူအပြင် ပထမဆုံး နိယတဗျာဒိတ်ကို ခံယူခဲ့တဲ့ ဒီပင်္ကရဗုဒ္ဓ မတိုင်ခင်ရှေ့က အဲဒီကမ္ဘာတစ်ခုတည်းမှာပဲ ပွင့်တော်မူပြီးဖြစ်တဲ့ တဏှင်္ကရ၊ မေဓင်္ကရ၊ သရဏင်္ကရ ဆိုတဲ့ ဗုဒ္ဓသုံးဆူကိုပါ ဟောတော်မူလို့ ဗုဒ္ဓဂေါတမအပါအ၀င် ဗုဒ္ဓပေါင်း နှစ်ကျိပ်ရှစ်ဆူ ဖြစ်သွားပါတယ်။ အပဒါန်ပါဠိတော်မှာပဲ “သုမင်္ဂလ (အပဒါန ၁၊ ၂၂၄)၊ ကကုဓ (ယင်း ၁၊ ၂၅၄)၊ အာနန္ဒ (ယင်း ၁၊ ၂၅၆)၊ ရောမသ (ယင်း ၁၊ ၂၆၈)၊ သုဒဿန (ယင်း ၁၊ ၃၂၁)၊ သမ္ဘ၀ (ယင်း ၁၊ ၃၂၂)၊ ဥပတိဿ (ယင်း ၁၊ ၃၂၂)၊ အနောမ (ယင်း ၁၊ ၃၃၂)၊ သတရံသီ (ယင်း ၁၊ ၃၄၁)၊ အဇ္ဇုန (ယင်း ၁၊ ၃၄၅)၊ သုမန (ယင်း ၁၊ ၃၇၇)၊ အနုရုဒ္ဓ (ယင်း ၁၊ ၄၁၀)၊ သတရံသီ (ယင်း ၂၊ ၄၁)၊ ရောသိတ (ယင်း ၂၊ ၄၈)၊ သုမန (ယင်း ၂၊ ၅၃)၊ သုစိန္တိတ (ယင်း ၂၊ ၇၇)၊ အဇ္ဇုန (ယင်း ၂၊ ၉၀)၊ ကကုဓ (ယင်း ၂၊ ၉၄)၊ သမ္ဘ၀ (ယင်း ၂၊ ၁၀၀)”လို့ ဗုဒ္ဓ ၁၉ ဆူ (ဘွဲ့အမည်တူပေမဲ့ ပွင့်တော်မူတဲ့ ကာလချင်း မတူလို့ သီးခြား ရေတွက်ပါတယ်) တို့ရဲ့ ဘွဲ့အမည်တွေကိုလဲ တွေ့ရပါတယ်။ အဲဒီ ဘွဲ့အမည်တွေကတော့ “အဇ္ဇုနော နာမ သမ္ဗုဒ္ဓေါ၊ ဟိမ၀န္တေ ၀သိ တဒါ (အဇ္ဇုန ဘွဲ့အမည်ရှိ ဘုရားရှင်သည် ထိုစဉ်အခါ ဟိမ၀န္တာတော၌ သီတင်းသုံးတော်မူ၏” (အပဒါန ၁၊ ၃၄၅) စတဲ့ စကားရိပ်တွေအရ သမ္မာသမ္ဗုဒ္ဓတို့ရဲ့ ဘွဲ့အမည်တွေ မဟုတ်ဘဲ ပစ္စေကဗုဒ္ဓတို့ရဲ့ ဘွဲ့အ မည်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓတွေဟာ တောမှာပဲ သီတင်းသုံးလေ့ရှိပါတယ်။
အဖြေ
အထက်က ဖော်ပြခဲ့တာတွေကို ဖတ်ပြီးတဲ့အခါ ၂၈ ဆူထဲမှာ ၇ ဆူ ပါဝင်ပြီး ဖြစ်တာ၊ သီးခြား မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ “၇ ဆူဆိုရင် တပည့်ဖြစ်ဖူးတဲ့ ဗြဟ္မာတွေကို ဟောကြားတာကို ညွှန်း၊ ၂၄ ဆူဆိုရင် ဗျာဒိတ်ခံ ဗုဒ္ဓတွေကို ညွှန်း၊ အပို ၃ ဆူက ပထမဆုံး ဗျာဒိတ်ခံ ဗုဒ္ဓရဲ့ နောင်တော် ဗုဒ္ဓတွေကို ညွှန်း၊ ဂေါတဗုဒ္ဓပါ စုစုပေါင်းရင် ၂၈ ဆူ”လို့ အချုပ်မှတ်ပါ။ သုံးဆယ့်ငါးဆူလို့ မမှတ်ပါနဲ့။ အပဒါန်ပါဠိတော် မြန်မာပြန်ကို လေ့လာလို့ ဘုရားဘွဲ့အမည်တွေ တိုးလာရင်လဲ အဲဒါတွေက ပစ္စေကဗုဒ္ဓတွေရဲ့ အမည်တွေဖြစ်တယ်လို့ မှတ်သားနိုင် ပါတယ်။
|
|
|
| Questioned By - Man Ponnya
<suuwin@gmail.com> |
Date:15 Apr 2008 |
Dear Sayadaws,
'Please let me know the reasons why we should send love (loving kindness) to follish people who treat badly others including us. I do not think future Buddha (King Wei Thanthara) should make donation of his own children to a brutal man (Ponnar) who treat his son and daughter badly. By making that donation, the children's lives can not be improved. If I were the King, I won't donate. Please give me a good analysis for why the King should do so. Thanks. May you be happy and healthy.
Ponnya |
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 24 Apr 2008 |
Limitless Metta
'The love of the noble ones (ariyas) on the world is limitless, not limiting people only to the fool or to the wise, and to the rich or to the poor and so. In this limitless Metta, there is also no enemy or friend. It can embrace both Metta tetween lovers, which is confined to the loved one and family Metta being within the bounds of only the members of each family. According to the nature of worldilings (puthujjana), everybody can have all these three kinds of Metta. But the first one is the weakest in them. The second one, involving only the well being of one's lover, may be an extreme Metta as it does. If one wishes only for the good of one's family, the third kind also becomes an extreme. All kinds of the extreme Metta are dangerous to the world. It is lovely to notice this note: "That love is false which clings to love for selfish sweeets of love (The Light of Asia, p. 88)".
Others First
'As it is the nature of a worlding to love himself most, unless a person is a noble man, he will think of his own welfare first. A noble person thinks others first though. It is difficult, but is not impossible. Only the strong desire to become one is necessary. Still we can see some people devoting their lives to others as a worldling. We need much practice and experience of this kind of Metta to experience it. Not to put one's welfare first, a person must have love for others more than he loves himself, otherwise it will be impossible for him not to think of only his welfare and also to work for the welfare of the others. If Metta is directed only at the loved ones, there arises a conflict between the loved and the others. This kind of Metta cannot bring the world happiness and peace.
Vessantara
Prince Vessantara is a Bodhisatta, Buddha-to-be, but not an ordinary one like us. His kaya (body and mind) is Parami-kaya. He had fulfilled 10 Paramis for many eons, so he is of the embodiment of Paramis, the deeds of noble ones. This is why Prince Vessantara, as a child of only eight years, can think "If one should need my heart, I would cut open my breast, tear it out and give it (Cariyapitaka, 1:79)." Prince Siddhattha said to his beloved princessYasodhara before his great renounciation, "If sorrow falls, take comfort still in deeming if there may be a way to peace on earth by woes of ours (The Light of Asia, p. 60)".
A Bodhisatta is not concerned as to whether the recipient is truly in need or not, for his one object in practising Dana (giving) is to eliminate craving that lies dormant within himself. But it is sure that, if he were convinced that a drunkard would misuse his gift, he would have no hesitation to refuse it, for such misplaced donation would not constitute a Parami.
Analysis
The highest metta is alike to moonlight which illuminates all without differrentiation. Though the moonlight may be the smuggler's enemy, there is no reason to blame it, because it is its reality. The presonals in this story are worldlings who were not yet completely free from defiliments (kilesa). But they all fulfilled and expericened Paramis and were of one mind in everything though they were separate individuals. Therefore, Maddi, wife of the prince and faithful partaner in the fulfillment of Paramis, experessed her joy affirming that he had made a noble gift for the sake of omniscience (Jataka II, p. 352).
Differences in view may depend on the points from which it is looked at. When it is looked at through the Boddhisatta's point, it is reasonable to do so while others are critizeing him. How do you commed if there is a person who gives up all his or her possessions including children and companion staying in jail many years for the sake of majority's freedom?
|
|
|
| Questioned By - Hla Myo Maung
<hlamyomaung@yahoo.com> |
Date:11 Apr 2008 |
ဆရာတော် အရှင်မြတ်များဘုရား
တပည့်တော်သည် ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်အဖြစ် သက်မွေး ၀မ်းကျောင်းပြုပြီး နေခဲ့ရာမှာ အတော်အသင့် အောင်မြင်ပြီး အတော်အတန်လည်း ဓနကြေးငွေ စုဆောင်းမိခဲ့ပါသည်။ မမျှော်လင့်ဘဲ ရုတ်တရက် ရရှိခဲ့သည့် သေလောက်သော ရောဂါတစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ယခုအခါ တပည့်တော်ရဲ့ စိတ်ထဲမှာ လူ့ဘောင်ကို စွန့်ပြီး ရဟန်းပြုလိုစိတ် ပြင်းပြလျက်ရှိပါသည်။ ယခုတပည့်တော်၏ အသက် ၄၉ နှစ်ပါ။ သားကြီး အရွယ်ရောက်ပြီးဖြစ်၍ ဇနီးဖြစ်သူကလည်း ကြည်ဖြူစွာ သဘောတူပါသည်။ တပည့်တော်၏ ဆုံးဖြတ်ချက် မှန်ကန်ပါသလား။ ရဟန်းပြုနိုင်ရန်အတွက် တပည့်တော်မည်သို့ ပြင်ဆင်သင့်ပါသနည်း။ သင်ယူလေ့လာ ဖတ်ရှုရမည့် စာအုပ်စာတမ်းများကိုလည်း ညွှန်ကြားပေးစေလိုပါသည် အရှင်မြတ်များဘုရား။
ရိုသေလေးစားလျက်
မောင်လှမျိုး
|
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 22 Apr 2008 |
|
ရဟန်းဘ၀ ရခဲလှ
'“ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော” ဆိုတဲ့အတိုင်း ရဟန်းပြုတယ်ဆိုတာ ရခဲတဲ့အပြင် ခက်လဲ ခက်တဲ့အလုပ်ပါ။ သတိသံဝေဂ ရလို့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတာ ကို မွန်မြတ်တယ်လို့ အကောင်းမြင်သဘောနဲ့ ဆိုနိုင်ပါတယ်။ တွယ်တာစရာတွေကို ဖြတ်နိုင်တဲ့ စိတ်ဓာတ်က လေးစားစရာပါ။ ဘုန်းကြီးတို့ ခပ်ငယ်ငယ် ကျောင်း သားဘ၀တုန်းက ရွယ်တူ ကိုရင်လေးတွေ၊ ဦးပဉ္စင်းငယ်တွေကို အားကျပြီး ဘုန်းကြီးဝတ်ချင်ခဲ့တယ်။ သူတို့ဘ၀ လွတ်လပ်ပြီး သိပ်ပျော်စရာကောင်းမှာပဲလို့ ထင် တယ်။ မိဘတွေအပါအ၀င် ပတ်ဝန်းကျင်က သူတို့တွေကို ကြည်ညိုစွာ ဆက်ဆံတာ လေးစားတာ အရေးပေးတာတွေကို အားကျတဲ့ လူ့သဘာဝလဲ ပါခဲ့တာပဲ။ ဘာပဲ ဖြစ်ဖြစ် ဖန်ဝါရောင်အဆင်းကိုက (အဲဒီနိုင်ငံ အဲဒီယဉ်ကျေးမှု အဲဒီအသိုင်းအ၀ိုင်းမှာ) ချစ်ခင် လေးစားစရာ သွင်ပြင် ဖြစ်နေတာလဲ တစ်ကြောင်းပေါ့။ အင်း၊ ကိုယ်တိုင် ကိုရင်ဖြစ်လာတော့ ထင်သလောက် မလွယ်ဘူးဆိုတာကို တဖြည်းဖြည်း သိလာတယ်။ နေ့အချိန် ဘုန်းကြီးဆီမှာ တစ်နေကုန် စာသင်ရတယ်။ ဥပုသ်နေ့က လွဲရင် ညတိုင်း ဘုရားဝတ်တက်၊ ပြီးရင် စာအံရတယ်။ ဝေယျာဝစ္စ အလုပ်တွေလဲ ပြည့်လို့။ မနက်က မိုးချုပ်ထိ အားတယ်ကို မရှိဘူး။
လေ့ကျင့်မှု ထုထည်ုံ
'ဆယ်ကျော်သက် အရွယ်မှာ နံနက် ၅ နာရီ အိပ်ယာက ထရတာကိုက ကိုယ့်အိမ်က ကလေးတွေနဲ့ နှိုင်းကြည့်ပါ။ ပရိတ်ကြီး ၁၁ သုတ်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ လောကနီတိ၊ ရှင်ကျင့်ဝတ်တွေကို ကိုရင်စည်းပြီးတာနဲ့ ကုန်အောင် သင်ရတယ်။ ပညာလဲသင်၊ စိတ်ပိုင်းဘ၀ကိုလဲ လေ့ကျင့်ရ တယ်။ ငယ်ငယ်တုန်းကတော့ သင်္ကန်းစည်းချင်တာ၊ စာပေးပွဲ အောင်ချင်တာ၊ အရေးပေး ခံရချင်တာ လောက်ပါပဲ။ စာသင်တိုက်ကြီးတွေကို ရောက်တော့ သီလ သိက္ခာပုဒ် ထိန်းသိမ်းမှုနဲ့ စည်းကမ်း လိုက်နာရမှုတွေက ပိုကျပ်တယ်။ စာသင်တော့လဲ အပြိုင်အဆိုင် အားကြိုးမာန်တက် လုပ်ရတယ်။ အခက်အခဲတွေကို ကျော်လွှားပြီး အနည်းဆုံး ဓမ္မာစရိယဘွဲ့လောက် ရတဲ့အဆင့်ကိုရောက်ဖို့ တော်ရုံ ဇွဲဝီရိယနဲ့ မလွယ်ဘူး။ အဲဒါလောက် အောင်ပြီးမှလဲ ပါဠိတော် အဋ္ဌကထာ တွေကို အတော်အသင့် ဖတ်တတ် လေ့လာတတ်တဲ့ သဘောရှိပါတယ်။ အရည်အချင်း ပြည့်မီတဲ့ ရဟန်းတစ်ပါးဖြစ်လာဖို့ စိတ်ပိုင်းဘ၀ လေ့ကျင့်ပျိုးထောင်မှု Traning ဟာ ထုထည် ကြီးမားပါတယ်။ ငယ်ငယ်ကတော့ ကိုယ့်ကိုယ်ကို Training လုပ်လို့ လုပ်နေမှန်းတောင် မသိခဲ့ပါဘူး။ စည်းကမ်းကို လိုက်နာမယ်၊ စာမေးပွဲ အောင်အောင် ကြိုးစားမယ်၊ ခလုတ်ဆူးငြောင့် မထိအောင် ရှောင်မယ်။ ဒါလောက်ပဲ သိခဲ့တယ်။ ကြီလာမှပဲ မိမိမှာရှိခဲ့တဲ့ Training ဘ၀ကို အလေး အနက် စဉ်းစားရင်း ကိုယ့်ကိုယ်ကို နှမြောပြီး တန်ဖိုးထားရကနေ သာသနာ့ဘောင်မှာ နေဖြစ်သွားခဲ့တာပါ။
ကိုယ့်ကို နှိမ့်ချ
အဲဒီလို လေ့ကျင့်မှုအောက်မှာ နှစ်ပေါင်း နှစ်ဆယ် အစိတ်လောက်နေပြီးမှ လူထွက်ရင် အများစုဟာ ရုတ်တရက် လူ့လောကနဲ့ အံဝင်ဂွင်ကျ မဖြစ်ဘဲ “ဂွရိုးကြီး” ဖြစ်နေတတ်တယ်။ ဘုန်းကြီးလူထွက်ဟာ လူ့ဘ၀မှာ အံမ၀င်ဖြစ်တတ်သလို “တောထွက်”အများစုဟာလဲ ဘုန်းကြီးဘ၀နဲ့ သံဃာ့အသိုင်းအ၀ိုင်းမှာ အံဝင်လေ့ မရှိတတ်ဘူး။ အသက်လေးဆယ်နီးမှ ဘုန်းကြီးဝတ်ရင်တော့ အိမ်ထောင်ကျကျ မကျကျ အများက “တောထွက်”လို့ပဲ နားလည်ကြမှာပဲ။ “တောထွက်”လို့ ခေါ်ခံ ရတာကိုက နားခါးစရာ ခံစားရတယ်။ ဒါပေမဲ့ မိမိဘ၀မှန်ကို သိရင်တော့ သည်းခံနိုင်ပါတယ်။ ဘာကြောင့်ဆို ဗုဒ္ခရှင်တော်မြတ်တောင် “မဟာဘိနိက္ခမန” ကြီးမြတ်တဲ့ တောထွက်မှု” ကို ပြုခဲ့ပြီးမှ ဘုရားဖြစ်လာတာပါ။ ကိုယ်က ၀ါတော်လေးငါးဆယ်ရတဲ့ ဆရာတော်ကြီးပုံစံ ပေါက်နေပေမဲ့ ရဟန်းသိက္ခာကြီးတဲ့ ကိုယ့် သားလောက် ရဟန်းငယ်တွေကို ရှိခိုးရတယ်။ အချို့တောထွက်တွေဟာ အတော်အသင့် သိက္ခာဝါရပြီး အသိုင်းအ၀ိုင်းလေးတစ်ခု ရှိလာရင် ကိုယ့်ကိုယ်ကို အထင်ကြီးသွားပြီး ပဉ္စင်းငယ်တွေကို ရှိမခိုးချင်တော့ဘူး။ တစ်ခါတစ်ရံ ရဟန်းငယ်က မှားပြီး ရှိခိုး ဦးညွတ်ရင်တောင် သိလျက်နဲ့ ငြိမ်ပြီး သာယာနေတတ်တယ်။ ဘုရင့်သားပဲဖြစ်ဖြစ် မီလျံနာပဲဖြစ်ဖြစ် ဒေါက်တာပဲဖြစ်ဖြစ် ရဟန်းဘ၀မှာ သိက္ခာဝါ ငယ်သူဟာ ကြီးသူကို ရှိခိုးရမယ် ဦးစားပေးရမယ်ဆိုတာကို သိမ်ထဲမှာ ရဟန်းခံတုန်းကပင် ညွှန်ကြားထားပြီးသား။ ဗုဒ္ဓရဲ့ ညီတော် မင်းညီမင်းသားတွေဟာ မိမိတို့ကို ဆံပင်ညှပ် အလုပ်သမား ဥပါလိလုလင်ကို အရင်ဆုံး ပဉ္စင်းခံခိုင်း တာဟာ မင်းသားတွေအနေနဲ့ မိမိတို့ရဲ့ မာန်မာနကို နှိပ့်ချတဲ့အနေနဲ့ ဥပါလိကို ရှိခိုးချင်လို့ပါ။
ရိုးရိုးကျင့်ပါ
မိမိအနေနဲ့ သူဌေးဘ၀က ရှိတဲ့ပစ္စည်းနဲ့ ရာထူးဂုဏ်သိန်ကို စွန့်ပြီး ဘုန်းကြီးဝတ်လာတယ်ဆိုတာကို လူတွေကို ကြွားလေ့ရှိတယ်။ အဲဒီလိုပြောတဲ့ ရည်ရွယ်ချက် က လူတွေက မိမိကို အထင်ကြီးလေးစားပြီး အရိုအသေခံချင်တာ၊ အဲဒီကတစ်ဆင့် ဘုန်းကြီး လာဘ်ရွှင်မှုကို မျှော်လင့်တာတွေပေါ့။ စွန့်ပြီးသား ဥစ္စာနဲ့ ရာထူးကို ဘာလို့ ခဏခဏ စမြုံ့ပြန်အုံးမှာလဲ။ ဒါတွေကို မမက်မောလို့ ဘုန်းကြီးဝတ်ခဲ့တာပဲ မဟုတ်လား။ တစ်ချို့ဆိုရင် လူ့လောကဖွား (လူ့လောကကလာသူ) ဖြစ် တဲ့အတိုင်း လူအများစုရဲ့ အထာကို ကျွမ်းလို့ လူရှေ့မှာ လူတွေအကြိုက် ဟန်ဆောင်ပြတယ်။ လူအိမ်တွေကို အလည်သွား ညအိပ်ပြီး ခုတင်ပေါ်မှာ ကျောချ မအိပ်ပါဘူးဆိုပြီး ကုထားထိုင်ကိုပါ ယူသွားပြီး တစ်ညလုံး ထိုင်ပြတတ်တဲ့ တောထွက်တွေ (လူအိမ်မှာ သွားအိပ်ပါတယ် ဆိုမှ အဲဒီ ထိုင်အိပ်တဲ့ ဓုတင်အကျင့် ကော စင်ကြယ်ပါ့မလား)၊ လူတွေဆုံတဲ့ ပွဲညကျမှ ဖျော်ရည် လာကပ်သူတွေက အကြာကြီး စောင့်နေရတဲ့အထိ ကမ္မဋ္ဌာန်းထိုင်ပြတဲ့ တောထွက်တွေကို တွေ့ဖူးပါရဲ့။ ဂရုက(အပြစ်လေး) အာပတ်နဲ့ လဟုက(အပြစ်ပေါ့) အာပတ်ကို ခွဲခြားမသိဘဲ ကိုယ်ကမှ ၀ိနည်းစည်းကမ်းကို တကယ့် လိုက်နာသယောင် ပြုပြီး ၀ိနယဂရုက (၀ိနည်းအလွန်လေးစားသူ)ကြီး ပုံစံနဲ့ အထူးသဖြင့် မသိတဲ့ လူတွေရှေ့မှာ အထင်ကြီးအောင် ဟန်ဆောင်တယ်။ အဲဒီလောက် ၀ိနည်းကို လေးစား ပြပြီးမှ သမီးနဲ့ သမက်တွေ ကြိုက်အောင်လို့ အမေအဖွားကြီးရဲ့ ခြေသလုံးကို နှိပ်ပေးတဲ့ တောထွက်ကိုတောင် ကံဆိုးစွာ တွေ့ခဲ့ဖူးပါရဲ့။
မပြည့်အိုး
မပြည့်တဲ့ အိုးလိုလဲ မဖြစ်သင့်ဘူး။ အလှူအိမ်မှာ ဘုန်းကြီးတွေစုပြီး ပရိတ်ရွတ်ပြီဆိုရင် လူကြားအောင်လို့ မိမိအသံကို အစွမ်းကုန် မြှင့်တတ်တဲ့ တောထွက် တွေလဲ ရှိတယ်။ သဘောက မိမိဟာ ဒီဘုန်းကြီးတွေနဲ့ တန်းတူ ရွတ်ဖတ်နိုင်တယ်ဆိုတာကို သူ့လူတွေကို ပြချင်လို့။ ဒါပေမဲ့ ကျန်တဲ့ ဘုန်းကြီးတွေက စိတ်ထဲက ပြုံးတော်မူကြမှာပေါ့။ ရွတ်ပုံကို ကြည့်ပါအုံး “ဥပ၀ - ဒေးယျုံ”တဲ့။ “စတ္တာရော တေ မဟာဗာလာ”တဲ့။ မပြည့်တော့ ဒီသဘောမျိုး ဖြစ်တတ်တယ်။ ကိုယ့်အခြေ အနေနဲ့ ကိုယ့်ပမာဏကို နားလည်တာဟာ လိမ္မာတာပဲ။ ပိဋကတ်သုံးပုံကို ကြေအောင် ဖတ်ဖူးပါတယ်လို့ လူတွေကို ကြွားလုံးထုတ်တဲ့ နာမည်ကြီး တောထွက် တစ်ပါးကိုလဲ သိဖူးတာပဲ။ နှုတ်ကောင်းလို့ အပြောသွက်ပေမဲ့ နာယူသူတွေမှာ အန္တရာယ်ဖြစ်မဲ့ဟာမျိုးကို ရှောင်သင့်တယ်။ ပိဋကတ်သုံးပုံဆိုတဲ့ စကားလုံးဟာ ကျယ်ပြောသလောက် နက်နဲပါတယ်။ တစ်သက်လုံး စာပေနဲ့ မပြတ်တဲ့ ဆရာတော်တွေတောင် ပိဋကတ်သုံးပုံကို ကြေတယ်ဆိုတာမျိုး မပြောရဲကြပါဘူး။ ပါဠိ တော်ကို ဖတ်ဖူးရုံ သိရုံနဲ့လဲ မလုံလောက်သေးပါဘူး။ အဋ္ဌကထာ ဋီကာတွေကို ကျကျနန ဖတ်တတ်မှ ပါဠိတော်ရဲ့ အာဘော်ကို အမှန်အတိုင်း ဖမ်းမိနိုင်ပါတယ်။
ုကြည်ညိုတတ်ပါ
တစ်ချို့တောထွက်တွေဟာ ပရိယတ္တိရှိတဲ့ သံဃာငယ်တွေကို မကြည်ညိုတတ်ဘူး။ အကောင်း မမြင်နိုင်ဘူး။ တစ်နည်းနည်းနဲ့ အပြစ်ရှာ ပြောတတ်တယ်။ မိမိတို့မှာ ပိဋကတ်ဗဟုသုတ ခေါင်းပါးတာကို ဖုံးကွယ်လိုတဲ့အတွက် သူတို့ပြောပုံက ဒီကိုယ်တော်က ဓမ္မစရိယလေးတော့ အောင်ပါရဲ့။ သုံးမရပါဘူး။ လူမှုစီးပွား ပထ၀ီ အုပ်ချုပ်ရေး ဆိုတာတွေကို ကျောင်းမှာမသင်ရလို့ ဘာမှ နားမလည်ဘူး (ဒါပေမဲ့ ခုခေတ် သံဃာငယ်တွေ သူထင်သလို မညံ့ပါဘူး)။ ဒါတောင် “ထောင်” ချင်သေးတယ်လို့ ကိုယ်ကတော့ ဟုတ်သဟန် လုပ်ပြောတတ်တယ်။ အထူးသဖြင့် ကမ္မဋ္ဌာန်းတိုက်တွေမှာ နေရင် အောက်ခြေလွတ်တတ်တယ်။ သူတို့ကမှ တကယ့် ဘုန်းကြီးအလုပ်ကို လုပ်နေတယ်လို့ ထင်မှတ်ပြီး သွေးနားထင်ကို ရောက်နေတတ်တယ်။ နိဗ္ဗာန်ကိုရောက်ဖို့ ပရိယတ္တိကို သင်စရာ မလိုဘူးလို့လဲ “ဟစ်ကြွေး” တတ်တယ်။ အမှန်က နိဗ္ဗာန်ရဖို့ ပရိယတ္တိကို သင်ကိုသင်ရတယ်။ အင်း၊ အဲဒီလို ပုဂ္ဂိုလ်က နာမည်ကြီးတဲ့ ဘုန်းကြီးနောက်က အထုပ်ဆွဲပြီး လိုက် နေရရင်တော့ အဆိုးဆုံးပါပဲ။ ဟိုဘုန်းကြီးရဲ့ အရှိန်နဲ့ လူတွေရဲ့ အရေးပေး ခံနေရတာကိုက သူ့ဘ၀မှန်ကို မသိနိုင်ဘဲ စုန်းကဝေပူးခံနေရလို ဖြစ်ပါလိမ့်မယ်။
ုသင်ကို သင်ပါ
တစ်သက်လုံး ဘုန်းကြီးဝတ်တော့မယ်ဆိုရင် ခိုင်ကျည်ပြီး နှိမ့်ချတဲ့ စိတ်ဓာတ်ဟာ အရေးအကြီးဆုံးပါ။ ပြီးတော့ အောက်ခြေကပဲ စသင့်တယ်။ ဘယ်လောကီဘွဲ့ ဒီဂရီ ရရ၊ အင်္ဂလိပ်စာ ဘယ်လောက် တတ်တတ်၊ နိုင်ငံတကာမှာ နေဖူးနေဖူး၊ စည်စိမ်ရာထူး ဂုဏ်သိန် ရှိခဲ့ရှိခဲ့၊ ဒါတွေဟာ ဘုန်းကြီးတစ်ပါးရဲ့ အစစ်အမှန်ဘ၀မှာ တိုက်ရိုက် အသုံးမ၀င်ဘူး။ ဒါကြောင့် သီလသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာကောင်းကို ရှာရမယ်။ ပြီးရင် အခြေခံကစပြီး ကိုယ့်ကိုယ်ကို ပရိယတ္တိရော ပဋိပတ္တိပါ Training တွေ လုပ်ရမယ်။ သားသမီးတွေ ရပြီးမှ ရဟန်းပြုခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးဆိုရင် ဘုန်းကြီးဝတ်ပြီးတာနဲ့ စာသင်တိုက်ကြီးတစ်ခုမှာ သားအရွယ် မြေးအရွယ် ကိုရင်ငယ်တွေနဲ့အတူ စာလိုက်သင်တယ်။ ကြီးမှ စာသင်တော့ ပိုပြီး သဘောပေါက်လွယ်တာပေါ့။ မကြာခင်မှာ ဓမ္မာစရိယဘွဲ့ ရပြီး ကျမ်းစာတွေ အများကြီး ပြုစုတော်မူသွားတယ်။ အင်မတန် အတုယူစရာ ကောင်းတယ်။ ဆရာတော့် စာအုပ်တွေနဲ့ပဲ ဘုန်းကြီးတို့လဲ ပထမကြီးအောင်ခဲ့တာ။ အရွယ်လွန်ပြီးမှ ဘုန်းကြီးဝတ်လိုသူတွေ အဲဒီလို ဆရာတော်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဦးစွာ ရှာဖွေဖတ်ရှုပြီး အားကျတဲ့စိတ်တွေ မွေးသင့်ပါတယ်။ အသက်ကြီးလို့ စာမသင်ချင် တော့ဘူး၊ တရားပဲ ထိုင်တော့မယ်ဆိုတဲ့ ဆင်ခြေမျိုးကိုတော့ ဘုန်းကြီးတို့ မနှစ်သက်ပါဘူး။ တရားလဲ ထိုင်ပေါ့။ ဒါပေမဲ့ သံဃာ့အသိုင်းအ၀ိုင်းမှာ တစ်သက်လုံး နေမှာဖြစ်လို့ အနည်းဆုံး ပရိတ်ကြီး၊ ပါတိမောက်နဲ့ ကထိန်၊ ရဟန်းခံ၊ ဥပုသ်ပြုစတဲ့ သံဃာကံဆောင်မှုဆိုင်ရာတွေကို ဆရာနည်းကျ သင်ကို သင်ယူရမယ်။ စာပေ ပရိယတ္တိနဲ့ ပြည့်စုံတဲ့ သံဃာငယ်တွေနဲ့ တွေ့ရင်လဲ တန်ဖိုးထားပြီး ဆည်းကပ်ဖို့ ဆရာတင်ဖို့ ၀န်မလေးပါလေနဲ့။
ဖတ်မှတ် နာယူ
ရဟန်းဘ၀ လမ်းညွှန်အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်တွေကတော့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတဲ့ ရုပ်ပုံရှင်ကျင့်ဝတ် နဲ့ ဘုရားဥပဒေတော်ကြီး၊ မြောင်းမြမြို့ တိုက်သစ်ပဇ္ဇောတာရုံဆရာတော် အရှင်ကုမာရမထေရ် ရေးသားတဲ့ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း စတဲ့ စာအုပ်တွေကို ဘုန်းကြီး မ၀တ်ခင် မှာ ဖတ်ထားသင့်ပါတယ်။ ဗုဒ္ဓဓမ္မရေးရာနဲ့ ပတ်သက်လို့တော့ ညွှန်းစရာတွေ များလွန်းပါတယ်။ ဒါကြောင့် မိမိ နှစ်သက်တဲ့ ဆရာတော် သို့မဟုတ် လူပုဂ္ဂိုလ် ရေးတဲ့ကျမ်းစာတွေကို ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာ ကျမ်းစာအုပ်တွေလဲ အများကြီးရှိတာမို့ အထူးမညွှန်းလိုပါဘူး။ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာတဲ့ ဆရာကြီးတစ်ဦး ပြောပြဖူးတာက လေ့လာခါစမှာ ဘုရားစောင်းတန်းက တစ်မတ်တန်စာအုပ် ပိစိကွေးလေးတွေကစပြီး တဖြည်းဖြည်း ဖတ်လာလိုက်တာ နောက်ဆုံးတော့ ပိဋကတ်မြန်မာပြန်တွေကိုတောင် ဖတ်နိုင်လာပါသတဲ့။ ပိဋကတ်ဗဟုသုတနဲ့ ပြည့်စုံတဲ့ ဓမ္မကထိကဆရာတော်တွေရဲ့ တရားတိပ်ခွေကလဲ ဓမ္မ နားလည်မှုစွမ်းရည်ကို မြင့်စေနိုင်ပါတယ်။ ဗုဒ္ဓ၀ါဒဟာ ယုံရင် ပြီးရောဆိုတဲ့ ၀ါဒမျိုးမဟုတ်လို့ သုတပညာ တိုးသထက်တိုးအောင် ဖတ်မှတ် နာယူနေသင့်ပါတယ်။ |
|
|
| Questioned By - Oo Thein Tun
<uootheintun@gmail.com> |
Date:5 Apr 2008 |
ဆရာတော် အရှင်မြတ်များဘုရား
သံသရာရဲ့ အစဆိုတာကို နားမလည်နိုင် ဖြစ်နေပါသည်ဘုရား။ အခြားဘာသာတွေမှာတော့ ထာဝရဘုရားသခင်က စတင်ဖန်ဆင်းသည်ဟု ကြားဖူး ပါသည်။ အဲဒီအတိုင်းမှန်ရင် ဖန်ဆင်းတဲ့အချိန်ကစပြီး လူတွေစဖြစ်လာတယ်လို့ လွယ်ကူစွာ နားလည်နိုင်မည်ဟုထင်ပါသည်။ လူတွေဟာ ကမ္ဘာပေါ်မှာ ဒါမှမဟုတ် စကြ၀ဠာထည်းမှာ ဘယ်တုန်းက စတင်ဖြစ် ပေါ်ခဲ့ပါသနည်း။ သတ္တ၀ါတွေရဲ့ မူလအစဟာ ဘယ်အရာ ဖြစ်ပါသနည်း။ သို့မဟုတ် သက်ရှိလောက၏ အစဆုံးသောအရာဟာ မည်သည့်အရာ ဖြစ်ပါသနည်း။ ဖြစ်နိုင်ပါလျင် ဗုဒ္ဓ၀ါဒအဆိုကိုသာမက အခြားဘာသာတို့၏ အဆိုကိုပါ ပြည့်စုံစွာ သိလိုပါသည်ဘုရား။
ခြေတော်ကို ဦးခိုက်လျက်
ဗာဂျီးနီးယားမှ ဦးဦးသိန်းထွန်းပါဘုရား
|
|
|
| Answered By - |
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) |
Date: 6 Apr 2008 |
|
ကျမ်းတွေရဲ့အဆို
'ထို့နောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျင် လူသည် အသက်ရှင်သော သတ္တ၀ါဖြစ်လေ၏ (ကမ္ဘာဦးကျမ်း ၁၊ ၇)။ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူထည်းက ထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့လေ၏ (ယင်း ၁၊ ၂၂)။ ထို(အလာဟ်) အရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူ ၏ (ကုရ်အာန်ကျမ်း ၉၆း၂)။ ထိုမှတစ်ပါး စင်စစ်ဧကန် ငါ(အလာဟ်)အရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည် (ယင်း ၁၅၊ ၂၆)'။ (စကား မစပ် အခန်း ၉၄ နဲ့ အခန်း ၁၅ အဆိုတွေ ဆန့်ကျင်နေသလားပဲ။) ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ဘာသာတရားတွေ စတင်ရာ အဲဒီ ကျမ်းစာတွေအဆိုရ လူသတ္တ၀ါတွေဟာ ဘုရားသခင် ဖန်ဆင်းချိန်က စတင်ခဲ့ တယ်လို့ တစ်နည်းဆိုရင် သက်ရှိနဲ့ စကြ၀ဠာအစ ဖန်ဆင်းရှင်ကလို့ ဆိုနိုင်ပါတယ်။ မဟာဗြဟ္မာ၊ ယေဟောဝါ၊ ထာဝရ၊ အလာ၊ ခိုဒါ စတဲ့ အမည်နာမအားလုံးကို ဒီနေရာမှာ ဖန်ဆင်းရှင်လို့ ဆိုလိုပါတယ်။
ဗုဒ္ဓ မိန့်ဆိုပုံ
'ဤစဉ်ဆက်မပြတ် လည်ပတ်မှုဖြစ်စဉ် မွေးသေစက်ဝန်း (ဘ၀သံသရာ)သည် အစမထင်ဘဲရှိ၏။ အ၀ိဇ္ဇာ(မသိမှု)ဖြင့် မြှေးယှက်ကြကုန်လျက် တဏှာ(စွဲလမ်းမှု)ဖြင့် တုပ်နှောင်ဖွဲ့ချည်ထားခြင်း ခံနေကြရသော သတ္တ၀ါတို့၏ အဦးအစ မူလရင်းမြစ်ကို မသိမြင်နိုင်' (သံ ၁၊ ၃၈၅)။ ဖန်ဆင်းရှင်ရှိ ၀ါဒကိုလက်မခံဘဲ အဲဒီလိုဟောတဲ့
ဗုဒ္ဓ၀ါဒအရ အကြောင်းဟာ အကျိုးကို ဖြစ်ပေါ်စေပြီး အဲဒီအကျိုးကပဲ တစ်ဖန် အကြောင်းတရား ဖြစ်လာတဲ့အတွက် သက်ရှိလောက ဒါမှမဟုတ် အခြားဘယ်အရာမဆိုရဲ့ ရှေးဦးအစ မူလရင်းမြစ် အကြောင်းတရားဆိုတာကို မသိမြင်နိုင်ဘူး။ ဘ၀သံသရာအလျဉ်ဟာ အ၀ိဇ္ဇာ တဏှာ ဆိုတဲ့ ညွန်ရေတွေနဲ့ ဖြည့်တင်းထားသရွေ့ စက်ဝန်းလို မရပ်မစဲ လည်ပတ်နေတယ်။ စက်ဝန်းရဲ့ အစကို ရှာမတွေ့နိုင်ဘူး။ ဒါ ဗုဒ္ဓ၀ါဒပဲ။
ဆုံးစ မထင်နိုင်ပါ
သတ္တ၀ါတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခု ဖြစ်ပေါ်လာဖို့ အဲဒီ သတ္တ၀ါ အရာဝတ္ထုတွေ မပေါ်ပေါက်ခင် ရှေးကတည်းက တည်ရှိနေနှင့်ပြီးဖြစ်တဲ့ ဖန်ဆင်းရှင် ရှိရမယ်လို့ယူဆရင် အဲဒီဖန်ဆင်းရှင် ကိုယ်တိုင်လဲ သူ့ကို ဖန်ဆင်းဖို့ နောက်ထပ် ဖန်ဆင်းရှင်တစ်ယောက် ရှိကိုရှိရမယ်လို့ ယုတ္တိနည်းကျ ယူဆခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်ရင် ဖန်ဆင်းရှင်တွေ အစအဆုံး မရှိနိုင်တော့ဘူး။ အကယ်၍ အဲဒီ ဖန်ဆင်းရှင်ဟာ အဆုံးအစမရှိ၊ ဒါကြောင့် သူ့ကို ဖန်ဆင်းဖို့ နောက်ထပ် အကြောင်းတရား (ဖန်ဆင်းရှင် နောက်တစ်ဆူ)မလိုပါဘူးလို့ ဆိုရင်တော့ 'ဖန်ဆင်းရှင် အဆုံးအစ မရှိသလို ဘ၀သံသရာဟာလဲ အဆုံးအစမရှိပါဘူး' လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်တစ်မျိုး ပြောရရင် အကယ်၍ တစ်စုံတစ်ယောက်သော တန်ခိုးရှင်ရဲ့ ဖန်ဆင်းခြင်းမျ မခံရဘဲ အဲဒီအဦးအစ မူလရင်းမြစ်ဖြစ်တဲ့ အကြောင်းတရား (ဆိုပါစို့ ဆုံးစမဲ့ ဖန်ဆင်းရှင်) တည်ရှိနိုင်တယ်ဆိုရင် စကြ၀ဠာထဲက အခြားတစ်ပါးသော သဘာဝတရားတွေလဲ ဖန်ဆင်းခြင်းမခံရဘဲ မတည်ရှိနိုင်စရာ အကြောင်းရှိပါ့မလား။ ဖန်ဆင်းမှု ကင်းလွတ်တဲ့ နယ်ပယ်တစ်ခု ဧကန်ရှိရမယ်ပ။
သိပ္ပံလဲ မနိုင်သေး
သိပ္ပံပညာရှင်တွေဟာ တည်ရှိဆဲ သက်ရှိတစ်မျိုး ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ မူလအစကို တစ်ခုပြီးတစ်ခု ရှာဖွေကြရင်း အကြောင်းတရားက အကျိုးတရားဖြစ်သွားပြီး နောက်ဆုံးတော့ ဆိုထားပြီး အကျိုးတရားဟာလဲ အခြားသော အကျိုးတရားတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ဖြစ်သွားပြန်တယ်။ အဲဒီလို ရှာဖွေရင်း မူလမှတ်ကိုပဲ ပြန်ရောက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ သက်ရှိတွေ၊ သစ်ပင်တွေ၊ ûဂိဟ်တွေ၊ ဒြပ်ဝတ္ထုနဲ့ စွမ်းအင်တွေရဲ့ မူလအကြောင်းတရားအချို့ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်ပေမဲ့ မိမိတို့ကိုယ်တိုင် ဖြစ်ပေါ်တည်ရှိမှုရဲ့ မူလရင်းမြစ် ရှေးဦး အကြောင်းတရားကိုတော့ တွေ့ရှိနိုင်စွမ်း မရှိကြသေးပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက သတ္တ၀ါတွေရဲ့ ရှေးဦးမူလရင်းမြစ် အကြောင်းတရားကို မသိမြင်နိုင်ဘူး သံသရာအစမရှိဘူးလို့ ဟောတော်မူတာ ဖြစ်ပါတယ်။ အဲဒီလို အစမရှိတာကို အစမရှိဘူးလို့ အမှန်အတိုင်း ထိုးထွင်းသိမြင်လို့ပဲ ဗုဒ္ဓမြတ်စွာကို သဗ္ဗညုတ(အလုံးစုံသိ)ညာဏ်တော် ပိုင်ရှင်လို့ ခေါ်ဝေါ်နိုင်တာပါ။ ဒါကြောင့် မူလရင်းမြစ် အကြောင်းတရား တစ်ရပ်မရှိဘဲ သတ္တလောက ဘယ်လိုဘယ်ပုံ စတင် ဖြစ်ပေါ်လာသလဲဆိုတာနဲ့ ပတ်သက်လို့ ဗုဒ္ဓါဒီတစ်ယောက်ရဲ့အဖြေက ရှင်းပါတယ် 'ဒီမေးခွန်းအတွက် အဖြေမရှိပါ'တဲ့။ အချိန်နဲ့ အာကာသ (Time and Space)ဟာ တစ်ခုစီ သီးခြား မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်ဖြစ်စဉ်နဲ့ အမှီသဟဲ ûပနေတယ်ဆိုတဲ့ သဘောတရား (Relitivity)ကို နားလည်ရင် လောကမှာ အစမရှိဆိုတာကိုလဲ နားလည်နိုင်ပါလိမ့်မယ်။
လောကအရာ မကြံရာ
အာကာသရဲ့ အဆုံးကို သိမြင်ဖို့ ခဲယဉ်းတယ်။ အချိန်ရဲ့ သက်တမ်းကို နားလည်ဖို့လဲ မလွယ်ဘူး။ ဒီ့ထက် အချိန်ဆိုတဲ့အရာ မရှိတော့ရင် အချိန်ဆိုတာကို နားလည်ဖို့ ပိုပြီးခဲယဉ်းသွားတယ်။ အဲဒီလိုပဲ မူလရင်းမြစ် အစဦး အကြောင်းတရားကို အခြေûပပြီး ဟောဒီ ကမ္ဘာလောက ဖြစ်ပေါ်လာပုံကို နားလည်ဖို့ ခက်ခဲပါတယ်။ အနှီမူလရင်းမြစ် အကြောင်းတရားရဲ့ စတင်ဖြစ်တည်ပုံကို နားလည်ဖို့ဆိုရင် | | | |